hand prosthesis, humanoid, hand

2 different Interactive Campaigns for consideration and sales purposes

Digital ပေါ်မှာ  Interactive marketing campaign တွေ run တဲ့အခါ အသုံးများတဲ့ objective ၂ ခုကို ရှိပါတယ်။ အဲ့ဒါကတော့ MOFU အဆင့်မှာ Engagement ရဖို့အတွက် campaign နဲ့ BOFU အဆင့်မှာ sales တက်ဖို့အတွက် campaign ပဲဖြစ်ပါတယ်။ Engagement campaign များဟာ စျေးအရောင်းကိုချက်ချင်းတက်ဖို့မဟုတ်ပဲ brand ဘက်က customer တွေအတွက် value တွေပေးပြီး engage လုပ်တဲ့ campaign မျိုးပဲဖြစ်ပါတယ်။ ဒီ့အတွက် ချက်ချင်း sales မတက်ပေမယ့် reward နဲ့ gamification ရဲ့ attention ကြောင့် အဆိုပါ campaign မှတဆင့် ကိုယ့် brand/product ကို မသိသေးတဲ့သူဆိုရင် awareness ရလာတာမျိုးတွေ၊ engagment ကြောင့် brand နဲ့ မဝယ်ဖြစ်သေးတဲ့ customer အကြား relation တစ်ခုတည်ထောင်လိုက်နိုင်တာမျိုးတွေ၊ brand ကိုသိပြီးသားcustomer တွေဆိုရင်လည်း campaign မှာဝင်ပါကြည့်တဲ့အခါ gamification ကြောင့် excite ​and fun ဖြစ်သွားပြီး Brand ကို မှတ်မိကြကာ brand recall ပိုမာလာတာမျိုးတွေ​ စတာတွေကြောင့် customer တွေက ကိုယ့် product category ကို ဝယ်ယူဖို့ စဥ်းစားတဲ့အခါ ကိုယ့် Brand ကို ရွေးချယ်ဖို့ အဆင်သင့်ဖြစ်နေမှာပဲ ​ဖြစ်ပါတယ်။ ဒါ့ကြောင့် Consideration အဆင့်မှာ run လေ့ရှိတဲ့ Affective emotional campaign တွေအပြင် ခုလို engagement campaign တွေကလည်း ကိုယ့် Brand အပေါ် desire ဖြစ်လာစေဖို့အတွက် ကူညီပေးနိုင်မှာပဲဖြစ်ပါတယ်။ အခုလို engagement campaign များကို innovatively run ရန်အတွက် လိုအပ်တဲ့  Social AR Filter & Game, Instant Mini-Game, Quiz တို့ကို rangoon.tech က Brand များနှင့် Agencies များအတွက် ဖန်တီးပေးလျှက်ရှိပါတယ်။Sales တက်အောင် run တဲ့ campaign တွေကတော့ အားလုံးသိတဲ့အတိုင်း ကိုယ့်product ကိုဝယ်ရင် ကံစမ်းမဲပေးတဲ့ ပုံစံမျိုးတွေပဲ ဖြစ်ပါတယ်။ ဒီနေရာမှာ tech ကိုသုံးတာကြောင့်​ ဆုရသွားတဲ့သူတွေရဲ့ data တွေ ပြန်ရနိုင်တာတို့၊ opt-in form ထည့်ပြီး lead generate လုပ်နိုင်တာတို့၊ ဆုကို real time control လုပ်လို့ရတာတို့၊ campaignမှတဆင့် vouncher code တွေကို ပေးပြီး ကိုယ့် ဆိုင် (သို့) website ကို traffic တက်အောင်လုပ်နိုင်တာတို့ စတဲ့ အကျိုးကျေးဇူးတွေကြောင့် traditional campaign တွေထက် အများကြီး efficient and effective ဖြစ်ပါတယ်။ အရင်ကဆို Company အကြီးတွေမှာမှ သုံးနိုင်သည့် Spin & Win , Digital Scratch Card စတဲ့ promotion tools တွေကို အားလုံးလက်လှမ်းမှီနိုင်သည့် စျေးဖြင့် rangoon.tech မှ ဆောင်ရွက်ပေးနေပြီပဲဖြစ်ပါတယ်။

Leave a Comment

Your email address will not be published. Required fields are marked *