5 Types of Social AR Filters that you have ever seen

Brand တွေအနေနဲ့ အမျိုးမျိုးသော objective တွေအလိုက် marketing campaign တွေကို runကြပြီး အဆိုပါ campaign များတွင် AR filter များကိုလည်း ထည့်လာကြပါတယ်။ AR filter ကို campaign တွေအတွက် အသုံးချလို့ရတဲ့ ပုံစံများကို စုစည်းဖော်ပြပေးလိုက်ပါတယ်။

Face Filter

တွေ့ရအများဆုံး AR filter ပုံစံမျိုးဖြစ်ပြီး User-Generated Content တွေဖန်တီးဖို့ အကောင်းဆုံး AR filter မျိုးဖြစ်ပါတယ်။ front camera ဖြင့် selfie ရိုက်သည့်အခါ ကိုယ်ဖန်တီးထားတဲ့ Creative Design များပေါ်လာပြီး audience ကို အလှဆုံးပုံတွေ ဖန်တီးစေကာ Photo Contest ပြုလုပ်နိုင်ပါတယ်။ 3D ပုံ များထည့်ခြင်း၊ background ပြောင်းလဲခြင်းများပါ ပြုလုပ်နိုင်တာကြောင့် အသုံးပြုသူ audienceကို  စိတ်ဝင်စားစေမှာပဲ ဖြစ်ပါတယ်။ Audience ကို engage လုပ်ဖို့ အလွယ်ဆုံး AR filter မျိုးလည်းဖြစ်ပါတယ်။

Augmented World Effect

Pokemon Go Game ကို ဆော့ရသလိုမျိုးပဲ back camera နဲ့ ပတ်ဝန်းကျင်ကို ချိန်လိုက်လျှင် plane တစ်ခုခုပေါ်မှာ camera ထဲမှာ Augmented 3D object များ ပေါ်လာသည့် filter မျိုးပဲဖြစ်ပါတယ်။ ကြိုတင်ဖန်တီးပြီး ထည့်ထားတဲ့ 3D object ကို camera ရဲ့ view နဲ့ ပေါင်းစပ်မြင်ရမှာဖြစ်တဲ့အတွက် ကိုယ့် ပတ်ဝန်းကျင်မှာတကယ်ဖြစ်နေသည့် experience မျိုးကို ပေးစွမ်းနိုင်မှာပဲဖြစ်ပါတယ်။ လာဘ်ကောင်အရုပ်တွေ၊ ကာတွန်းကာရိုက်တာတွေစတဲ့ 3D animation များကို လည်း AR filter ထဲထည့်ပြီး ပျော်စရာကောင်းတဲ့ experience တွေကို ရယူနိုင်ပါတယ်။ Product ကို အပြင်မှာ လက်တွေ့မမြင်ရသည့် online ပေါ်က customer များကို  Product presentation လုပ်လို့သည့်အခါ အပြင်က product အတိုင်း ဖန်တီးထားတဲ့ 3D object ထည့်ထားသည့် အဆိုပါ AR filter နဲ့လုပ်နိုင်ပါတယ်။ ထိုသို့ AR ဖြင့် Product တွေကို vitual preview ကြည့်နိုင်တာကြောင့် size ကြီးမကြီး၊ ကိုယ့်နေရာနဲ့ လိုက်မလိုက် စတာတွေကို တခါတည်း လေ့လာဆုံးဖြတ်နိုင်မှာပဲဖြစ်ပါတယ်။

AR Portal

ဖန်တီးထားတဲ့ virtual ကမ္ဘာတစ်ခုကို ဖုန်းထဲက camera ကနေတဆင့် ရောက်သွားနိုင်တဲ့ whole new experience ကိုဖန်တီးပေးနိုင်တဲ့ AR filter မျိုးပဲဖြစ်ပါတယ်။ အပြင်မှာ လူက ရှေ့ကို သွားလိုက်ရင် ဖုန်းထဲမှာလည်း အရှေ့ကို နီးကပ်သွားတာမျိုးတွေ၊ virtual world ကို 360 ပတ်လည် ဖုန်းနဲ့ လှည့်ပတ်ကြည့်လို့ရတာတွေ စတဲ့ ထူးခြားတဲ့ အချက်တွေကို ယခု filter မှာတွေ့နိုင်ပါတယ်။

AR Game

Mini Game ပုံစံမျိုးတွေကို လက်နဲ့ တို့ထိပြီးဆော့စရာမလိုပဲ Head Movement, Eye Blinking, Mouth Controlling စတဲ့ gesture တွေကိုလုပ်ပြီး game ဆော့နိုင်မှာပဲဖြစ်ပါတယ်။ Innovative contest campaign တွေလုပ်ဖို့အတွက် သင့်တော်ပြီး gamification tools တစ်ခုအနေနဲ့သုံးနိုင်ပါတယ်။

Image Tracking

ပုံ (သို့) logo ကို scan ဖတ်လိုက်လျှင် ပေါ်စေချင်တဲ့ effect က activate ဖြစ်သွားပြီး creative design များပေါ်လာသည့် AR filter မျိုးဖြစ်ပါတယ်။ ဝိုင်ပုလင်းကို scan ဖတ်လိုက်လျှင် လူကြီးတစ်ယောက်က စကားပြောတဲ့ effect မျိုးကို Target Tracking ဖြင့် ပြုလုပ်ထားချင်ပင်ဖြစ်ပါတယ်။ audience ကို ကိုယ့် product ဝယ်ယူစေရန် entertaining benefit တစ်ခုအနေဖြင့် အဆိုပါ AR filter ကို သုံးနိုင်ပါတယ်။ ထို့အပြင် product အကြောင်း customer ကို educate လုပ်ချင်တဲ့အခါမှာလည်း AR filterကို သုံးနိုင်ပါတယ်။

ကိုယ်လိုချင်တဲ့ Campaign objective ကို အထက်တွင်ဖော်ပြခဲ့သော သက်ဆိုင်ရာ AR filter type များကို သုံးပြီး ရယူနိုင်ပါတယ်ခင်ဗျာ။ Interactive marekting campaign  များကို innovatively run ချင်တယ်ဆိုရင်လည်း ကျွန်တော်တို့ rangoon.tech နဲ့ ဆက်သွယ်တိုင်ပင်နိုင်ပါတယ်ခင်ဗျာ။ rangoon.tech တွင် AR filter များသာမက အခြားသော gamification tools များပါလုပ်ပေးနေတာဖြစ်လို့ လူကြီးမင်းတို့လိုချင်တဲ့အတိုင်း ကျွန်တော်တို့က tech support လုပ်ပေးနိုင်ပါတယ်။