AR ကိုသုံးပြီး ဘယ်လို contest campaignတွေ run လို့ရလဲ။

Brand တွေအနေနဲ့ Marketing မှ အမျိုးမျိုးသော objective တွေအတွက် Contest တွေ ပြုလုပ်ကြပါတယ်။ Customer အသစ်တွေကို ဆွဲဆောင်ဖို့၊ ရှိပြီးသား customer တွေကို ဆက်ထိန်းထားဖို့ နဲ့ ကိုယ့် (အသစ်ထွက်ရှိလာတဲ့) Product တွေကို customer တွေမျက်စိကျစေဖို့ လုပ်ကြတဲ့ Contest Campaign တွေမှာ Augmented Reality ကိုလည်း ထည့်သုံးလို့ရပါတယ်။ အခုလို AR ကို ထည့်သုံးခြင်းဖြင့် ပုံမှန်လုပ်နေကြ ရိုးနေပြီဖြစ်တဲ့ contest တွေထက် idea စုံစုံလင်လင်နဲ့ ပိုမိုဆန်းသစ်အောင် ဖန်တီးနိုင်မှာဖြစ်သလို customer ကိုလည်း new experience ပေးနိုင်မှာပဲ ဖြစ်ပါတယ်။ ဆက်လက်ပြီး ဘယ်လိုလုပ်လို့ရမလဲဆိုတာကို ဆက်လက်ပြောပြသွားပါ့မယ်။

AR Game

AR Game ကတော့ customer တွေကို AR နဲ့လုပ်ထားတဲ့ Game တစ်ခုကစားစေပြီး အမှတ်အများဆုံးသူကို ဆုပေးတဲ့ ပုံစံမျိုးပဲဖြစ်ပါတယ်။ ပုံမှန်ရိုးရိုး Game နေရာမှာ Head Movement, Hand Gesture, Eye Control တို့နဲ့ ဆော့လို့ရတဲ့ AR Game အဖြစ်ပြောင်းလဲသုံးလိုက်တဲ့ သဘောပဲဖြစ်ပါတယ်။ ပုံမှန် Game ထက် ပိုလည်းမိုက်သလို Brand Experience တစ်ခုအနေနဲ့လည်း ဖန်တီးလို့ရပါတယ်။

AR Quiz

နောက်တစ်ခုကတော့ ကိုယ့် Brand အကြောင်းဘယ်လောက်သိလဲ Quiz မေးလို့ရတာတွေ၊ ကိုယ့် campaign theme (eg: World Cup Campaign) နဲ့ဆိုင်တဲ့ Quiz တွေကို AR နဲ့မေးနိုင်ပါတယ်။ အမှတ်အများဆုံးဖြေနိုင်သူကို AR Game လိုပဲ ဆုပေးတဲ့ ပုံစံမျိုးနဲ့ သွားလို့ရပါတယ်။

User-Generated Content

AR Game ပုံစံမဟုတ်တော့ဘဲ ကိုယ့် Brand နဲ့ ဆိုင်တဲ့ AR effect တစ်ခုခု၊ ကိုယ့် Product နဲ့ ဆိုင်တဲ့ AR Effect တစ်ခုခု၊ ကိုယ့် Campaign နဲ့ဆိုင်တဲ့ AR Effect တစ်ခုခု (သီတင်းကျွတ် seasonal campaign) စတဲ့ AR filter လေးတွေဖန်တီးပြီး customer ကို အဲ့ဒီ effect သုံးပြီး ဓာတ်ပုံရိုက်ကာ Social Media ပေါ်ပြန်တင်ရတဲ့ပုံစံမျိုးနဲ့ Contest မှာ ပါဝင်ဖို့ ဖိတ်ခေါ်လို့ရပါတယ်။ အကျိုးဆက်ကတော့ ကိုယ့် Brand ပါနေတဲ့ AR effect နဲ့ရိုက်ထားတဲ့ photo က customer ရဲ့ network ထဲထိ ရောက်သွားကာ ၄င်း network ထဲမှ မသိသေးတဲ့ customer များကိုပါ ကြော်ငြာပြီးသားဖြစ်သွားမှာ ဖြစ်ပါတယ်။

Participation Trophy

ကိုယ့်ဆိုင်ကိုလာတဲ့ customer တွေကို AR နဲ့ fun ဖြစ်စေမယ့် Activity တစ်ခုလုပ်ခိုင်းပြီး ပါဝင်သူတိုင်းကို စျေးလျှော့ပေးတဲ့ ပုံစံမျိုးလည်း လုပ်လို့ရပါတယ်။ စားသောက်ဆိုင်များ၊ Mart များတွင် ပိုသင့်တော်ပြီး order မှာယူ စောင့်ဆိုင်းချိန်အတွင်း AR Game ဆော့ခိုင်းထားကာ Brand နဲ့ Engagement တစ်ခုကို ဖန်တီးလို့ရပါတယ်။

အထက်တွင်ဖော်ပြသွားခဲ့တာတွေကတော့ AR နဲ့ Promotional Contest run လို့ရတဲ့ ပုံစံတွေပဲ ဖြစ်ပါတယ်။ Marketer တွေအနေနဲ့ ဒီထက်ပိုပြီး အသေးစိတ်သိလိုလျှင်လည်း ကျွန်တော်တို့ rangoon.tech နှင့် အချိန်မရွေးတိုင်ပင်နိုင်ပါတယ်ခင်ဗျာ။ ကျွန်တော်တို့ rangoon.tech ဟာဆိုရင်တော့​ technology service တွေကို Marketing sector အတွက် သိီးသန့်ထောက်ပံ့ပေးနေတာဖြစ်လို့ Marketer တွေရဲ့ သဘောကို အနားလည်ဆုံးနဲ့ Marketer တွေနဲ့ အနီးဆုံးမှာ ရပ်တည်လျှက်ရှိပါတယ်ခင်ဗျာ။