Benefits of running engagement campaigns using digital coupon tools.

Digital marketing campaign တွေမှာ display ads တွေက ကိုယ်မျှော်မှန်းထားသလောက် Engagement တွေ traffic မတက်ဘူးဆိုရင် marketer တွေအနေနဲ့  interactive campaigns တွေကို Digital Tools တွေသုံးပြီး run နိုင်ပါတယ်။ အဆိုပါ ဆန်းသစ်သော innovative campaigns တွေကို run ခြင်းအားဖြင့် customer တွေနဲ့ engagement  ပိုမိုကောင်းလာမည်ဖြစ်ကာ competitor တွေထက် market ထဲမှာ နှာတစ်ဖျား အသာရမှာပဲဖြစ်ပါတယ်။

Innovative Campaign တွေ run ရန်အတွက် သုံးနိုင်တဲ့ Digital Tools တွေကတော့ Instant Mini-game, Quiz, Scratch & Win, Spin & Win စသည်တို့ပဲဖြစ်ပါတယ်။ Engagement campaigns run ခြင်းဖြင့် ရရှိနိုင်တဲ့ အကျိုးကျေးဇူးများကို စုစည်းဖော်ပြပေးလိုက်ပါတယ်။

Connect with your customers

အကောင်းဆုံးအချက်ကတော့ ကိုယ့် customer တွေကို ပုံမှန် ads တွေပဲ ပြနေတာမဟုတ်ပဲ customer နဲ့ brand အကြား campaign ကနေတဆင့် customer အတွက် အကျိုးရှိစေတဲ့ value ပေးခြင်းဖြင့် အပြန်အလှန် ဆက်သွယ်နိုင်မှာပဲဖြစ်ပါတယ်။ Brand activity တစ်ခုလည်း ဖြစ်သွားတာကြောင့် customer တွေဘက်ကြည့်ရင် ကိုယ့် Brand ဟာ ရိုးမနေတော့ပဲ အသက်ဝင်လှုပ်ရှားလာမှာလည်း ဖြစ်ပါတယ်။ ခုလို Covid ကြောင့် outdoor activity တွေလုပ်လို့မရတဲ့အချိန်မှာ Digital ပေါ်က interactive campaign တွေက အကောင်းဆုံးဖြစ်မယ်လို့လည်း ထင်ပါတယ်။

Gamification

လူတွေရဲ့သဘောအရ ယှဥ်ပြိုင်အနိုင်ယူပြီး reward တစ်ခုခု ရတာကို နှစ်သက်တတ်ကြတာကြောင့် campaign က Gamification ဖြစ်ခြင်းဖြင့် သူတို့ရဲ့ စိတ်ဝင်စားမှုနဲ့ ပါဝင်လိုမှုကို နှိုးဆော်နိုင်ပါတယ်။ Game ကိုဝင်ဆော့လေလေ audience ရဲ့ ဦးနှောက်ထဲ Brand က စွဲမြဲလေ ဖြစ်ကာ Gamification ကြောင့် Brand Recall ကို တိုးစေမှာပဲဖြစ်ပါတယ်။

Easy collection of customer data

Campaign ကို Lead magnet တစ်ခုအဖြစ်အသုံးချပြီး participants တွေရဲ့ info တွေကိုလည်း ယူနိုင်ပါတယ်။ အဆိုပါ contact info တွေကို နောက်လာမယ့် Message Blast campaign တွေအတွက်လည်း ပြန်အသုံးချနိုင်မှာဖြစ်ပါတယ်။

Generate venue traffic and boost sales

Discount ပေးတဲ့ Digital Coupon တွေကို campaign မှာ ပေးခြင်းဖြင့် ကိုယ့် physical shop (သို့) online shop ကို customer တွေ ပိုမိုလာရောက်စေမှာပဲဖြစ်သလို coupon ကြောင့် customer တွေအနေနဲ့ product များကို ပိုမိုဝယ်ယူကြကာ အရောင်းလည်း ပိုတက်လာမှာဖြစ်ပါတယ်။ Digital Coupon တွေကြောင့် ပေးမယ့်ဆုကိုလည်း real time manage လုပ်နိုင်မှာဖြစ်ပြီး အလေအလွင့်နည်းသွားမှာဖြစ်ပါတယ်။

အဆိုပါ campaign များ run ရန်အတွက် tools များကို rangoon.tech မှ ရေးပေးလျှက်ရှိတာကြောင့် လူကြီးမင်းတို့  အနေနဲ့ local မှာပဲ စျေးသက်သာစွာဖြင့် engagement campaign တွေ run နိုင်မှာပဲဖြစ်ပါတယ်။

Case Study Link: https://bit.ly/3m4DynF

Leave a Comment

Your email address will not be published. Required fields are marked *