Building next-gen immersive brand experience with AR

Marketing Campaign တွေကို AR အထူးသဖြင့် Social AR Filter တွေသုံးပြီး engaging innovative campaigns တွေကို run လာခဲ့ကြပြီပဲဖြစ်ပါတယ်။ ဒါပေမယ့် AR တွေက Campaign တွေမှာပဲ အသုံးဝင်တာမဟုတ်ပါဘူး။ customer များဆီမှ loyaty ပိုရစေရန်၊ customer experience ပိုကောင်းစေရန်အတွက် ကိုယ့် Brand ကပဲ​ သီးသန့်ပေးတဲ့ experience တွေကို ဖန်တီးတဲ့နေရာမှာလည်း Augmented Reality ကို သုံးနိုင်ပါတယ်။ ဒီ article မှာတော့ AR ကိုသုံးပြီး ဘယ်လို Brand Experience တွေကို ဖန်တီးပြီး customer တွေကို engage လုပ်လို့ရလဲဆိုတာကို ဖော်ပြပေးထားပါတယ်။


– AR Tour in Physical Space (AR Retail Experience )
– AR Commerce
– AR Product Packaging
– AR Print Marketing

– AR Tour in Physical Space (AR Retail Experience)


Brand Experience ပေးနိုင်တဲ့ Showroom မှာ ဖြစ်ဖြစ် Retail store တွေမှာဖြစ်ဖြစ် AR ဖြင့် Assist လုပ်ပေးတာ၊ Navigation လုပ်ပေးတာမျိုးတွေဟာ နောက်ပိုင်း Physical space ကိုပါ digital platform တွေကဲ့သို့ immersive customer engagement ရအောင်နဲ့ data ပြန်ရအောင် လုပ်နိုင်တဲ့ ပုံစံမျိုးတွေပဲ ဖြစ်ပါတယ်။
နမူနာကြည့်ရန် – youtube.com/watch?v=hbubGuYqBiI

– AR Commerce

တကယ်လို့ သင့် Brand က physical product တွေကို Online ကနေ ရောင်းဖြစ်တယ်ဆိုရင် AR Commerce က သင့်အတွက်ပဲဖြစ်ပါတယ်။ customer တွေအနေနဲ့ ဆိုင်အထိ သွားစရာမလိုတော့ဘဲ ၄င်းတို့ရဲ့ အိမ်ကနေပဲ “Try before you buy” ပုံစံမျိုးဖြင့် ၂၄ နာရီ၊ ၇ ရက် ပတ်လုံး စမ်းသုံးနိုင်တော့မှာဖြစ်ပါတယ်။ Makeup, Jewelry နဲ့ Fashion products တွေဖြစ်တဲ့ Glasses, Hat, Shoe, Bag တို့ဆိုရင် customer ရဲ့ ခန္ဓာကိုယ်ပေါ်မှာ AR ဖြင့် Virtual try on အသုံးပြုနိုင်မှာဖြစ်ပါတယ်။ Furniture တို့ အိမ်သုံးပစ္စည်းတို့ ဆိုရင်တော့ customer ရဲ့ အိမ်မှာ Preview Placement ပုံစံဖြင့် နေရာချပြီး အစမ်း ကြည့်နိုင်မှာပဲဖြစ်ပါတယ်။

– AR Product Packaging

FMCG packaging တွေကို add-on အနေနဲ့ entertaining benefits တွေ ထည့်ချင်တယ်ဆိုရင်တော့ product package ကို AR ဖြင့် scan လိုက်ရင် ကိုယ်ဖော်ပြချင်တဲ့ 2D 3D Graphic တွေနဲ့ animation တွေကို ပေါ်လာစေခြင်းဖြင့် Brand Storytelling လုပ်နိုင်တာပဲဖြစ်ပါတယ်။ ဖော်ပြနိုင်တဲ့ content idea တွေကတော့ Brand Story and History, Ingredients, Instruction စတာတွေပဲဖြစ်ပါတယ်။ Retail တွေရဲ့ product shelf ပေါ်မှာ ကိုယ့်ရဲ့ product လေးက ထူးခြားဆန်းသစ်နေပြီး audience တွေရဲ့ attention ကို ပိုရမှာပဲဖြစ်ပါတယ်။

– AR Print Marketing

Branding Material တွေဖြစ်တဲ့ print တွေမှာ AR ထပ်ပေါင်းထည့်ပြီး interactive experience တွေပေးနိုင်မှာပဲဖြစ်ပါတယ်။ ဒါ့ကြောင့် B2B meeting တွေမှာဖြစ်ဖြစ် Corporate Gift တွေပေးတဲ့နေရာမှာဖြစ်ဖြစ် Employee Engagement Activity တွေမှာဖြစ်ဖြစ် ကိုယ့်ရဲ့ branding materials တွေက ပိုဆန်းသစ်ပြီး ပိုစိတ်ဝင်စားစရာကောင်းတဲ့ experience တွေကို ပေးနိုင်မှာပဲဖြစ်ပါတယ်။

Leave a Comment

Your email address will not be published. Required fields are marked *