Marketing Funnel အဆင့်အလိုက် သုံး၍ ရသော Interactive Campaign Toolkits များ

Marketing လုပ်တဲ့အခါ Awareness, Consideration, Conversion စတဲ့ အကြမ်းဖျင်း Marketing Funnel အဆင့်အလိုက် Campaign Objective တွေကို ထားလေ့ရှိပါတယ်။ မိမိ Brand နဲ့ Customer ကြား ဆက်ဆံရေးကောင်းစေဖို့ အပြန်အလှန် အဆက်အသွယ်ရှိရှိနဲ့ အဆင့်တစ်ဆင့်ချင်းစီမှာ သုံးနိုင်တဲ့ Interactive tools လေးတွေဖြစ်တဲ့ Augmented Reality Game, Augmented Reality Ads နဲ့ Mini-Games( Facebook Games) လေးတွေနဲ့ ၄င်းတို့ကို Campaign နဲ့ ပြန်ချိတ်နိုင်တဲ့ အကြောင်းကိုအောက်မှာဖတ်နိုင်ပါတယ်။

Awareness Stage

ဒီအဆင့်မှာတော့ Brand တွေဟာ Market ထဲမှာ ကိုယ်ရှိနေတဲ့အကြောင်း၊ ကိုယ် Product က ဘာဆိုတဲ့အကြောင်း စသဖြင့် ကိုယ့်အကြောင်းကို customer တွေသိနိုင်အောင် ကြော်ငြာကြပါတယ်။ Facebook, Google စသဖြင့် Digital ကိုသုံးပြီး ads လုပ်တဲ့အခါ ရိုးအီနေပြီဖြစ်တဲ့ Display Ads တွေ product post ads တွေထက်စာရင် Facebook Post Ads မှာဖြစ်ဖြစ်၊ Google Display, Banner Ads မှာဖြင့် ကိုယ့် Brand, Product ကို Story Telling ပုံစံမျိုးဖြင့် Augmented Reality Ads, Interactive Mini-game Ads (Playable Ads) တွေဖန်တီးနိုင်ပါတယ်။ ကိုယ့် Brand ရဲ့ Product/Service အသစ် မိတ်ဆက်တာမျိုးမှာ AR ကိုသုံးပြီး Photo Contest မျိုးတွေ၊ Product explatnation မျိုးတွေလည်း လုပ်လို့ရပါတယ်။ အခုလို AR Ads, Playable Ads စသည်တို့ကို သုံးလိုက်ခြင်းဖြင့် customer ဆီက attention ကိုပိုရနိုင်သလို သူတို့ကိုယ်တိုင် အဆိုပါ AR, Game ကို ပါဝင်အသုံးပြုမှာဖြစ်တာကြောင့် Brand နဲ့ Customer ကြား interactive လည်းဖြစ်စေမှာပါ။ ဒါတွေအပြင် ကိုယ့် Adsမှာ Customerတွေကိုကိုယ်တိုင် ပါဝင်စီးမျောတာကြောင့် dwell time ပိုကြာနိုင်သည့်အပြင် Story ပုံစံဖြင့်ဖော်ပြထားတဲ့ ကိုယ့် Product အကြောင်းကိုလည်း ပိုမိုသိသွားမှာဖြစ်ပါတယ်။ အဆိုပါ AR effect က Photo လည်းရိုက်လို့ရတာကြောင့် customer ကိုယ်တိုင် AR effect နဲ့ ဓာတ်ပုံရိုက်ပြီး ပြန်share လေ့ရှိပါတယ်။ ဒါ့ကြောင့် Customer ရဲ့ network ထဲကိုပါ reach ရောက်သွားပြီး Vial Marketing ပါဖြစ်သွားနိုင်ပါတယ်။

Consideration Stage

ဒီအဆင့်မှာတော့ Brand တွေက စျေးကွက်ထဲမှာ သူတို့ရှိနေတဲ့ကြောင်းကိုသိတဲ့ Customer ဖြစ်လာမယ့်သူတွေနဲ့ Engage လုပ်ပြီး ကိုယ့်product ကို ရွေးချယ်လာအောင် လုပ်ကြပါတယ်။ Audience အနေနဲ့ ကိုယ့် Brand ကိုစိတ်ဝင်တစား explore လုပ်ချင်အောင်ကနေစပြီး ကိုယ့်ကိုလာ ဆက်သွယ်စေချင်တဲ့အထိ contest တွေ campaign တွေလုပ်ကြပါတယ်။ အဲ့ဒီအချက်တွေထဲကမှ ကိုယ်နဲ့ customer ကြား အဆက်အသွယ်မပျက်စေပဲ engagement ကောင်းစေဖို့ကို interactive tools တွေဖြစ်တဲ့ Augmented Reality Game , Mini-Games (Facebook Game) တို့က ကူညီပေးနိုင်ပါတယ်။ အဆိုပါ Tools တွေကို သုံးပြီး ဒီအဆင့်မှာ စျေးထိုးရောင်းတာမျိုးမဟုတ်ပဲ ကိုယ်နဲ့ customer ကြား ရေရှည်ဆက်ဆံရေးကောင်းစေဖို့ engagment နဲ့ loyalty အတွက် rewards ပေးတဲ့ Gamification Campaign တွေလုပ်နိုင်ပါတယ်။ အဆိုပါ Gamification Rewarding Campaign က်ို ကိုယ့် Brand Story အလိုက် တင်ဆက်ပုံအမျိုးမျိုးဖြင့် လုပ်နိုင်ပြီး ပါဝင်ကစားတဲ့ Customer တွေက ကိုယ့် Brand နဲ့ relation ကောင်းတစ်ခု ရရှိသွားမှာဖြစ်ပြီးနောက် သူတို့စျေးဝယ်တဲ့အခါ ကိုယ့်ကို သတိတရနဲ့ ရွေးချယ်ဝယ်ယူဖို့ chance များသွားမှာဖြစ်ပါတယ်။ သူတို့အတွက် ရင်ခုန်စရာ စိတ်ဝင်စားစရာ အသစ်အဆန်း Game လေးတွေ ဖန်တီးပေးပြီး ဆော့ကစားစေခြင်းဖြင့် ကိုယ့် Brand က သူတို့ရင်ထဲမှာ နေရာယူသွားမှာဖြစ်ပါတယ် ။ ဒီလိုလုပ်ခြင်းက directly ချက်ချင်း sale မတက်နိုင်ဘူးဆိုပေမယ့် campaign ကနေ စျေးကွက်ထဲမှာ ကိုယ်အမြဲရှိပြီး customer တွေအတွက် အဆင်သင့်ဖြစ်နေပါလား ၊ သူများတွေလို ပေါ်လိုက်ပျောက်လိုက်ဖြစ််မနေပါလားဆိုတဲ့ အသိကိုပေးနိုင်တာကြောင့် သူတို့စျေးဝယ်တဲ့အခါမှာလည်း ကိုယ့်ကိုပဲ သတိရမှာပါ။ ROI ပြန်တွက်ကြည့်ရင် ads တွေပဲ boost ပြီး တက်တဲ့ sales နဲ့ ခုလို Gamification လုပ်ပြီး indirectly ရတဲ့ sales တို့မှာ ကုန်ကျစရိတ်ချင်းသိပ်မကွာတော့ပေမယ့် customer တွေကို ပေးနိုင်တဲ့ ကိုယ့် Brand ရဲ့ Value ကတော့ အများကြီးကွာပါတယ် ။ ဘာကြောင့်လဲဆို သူတို့အတွက်အကျိုးရှိတဲ့ value တစ်ခုခုပေးတဲ့ interactive campaign ကြောင့်ဖြစ်ပါတယ်။ AR Game , Mini Game ဆော့ပြီး Result ကို Facebook မှာ # နဲ့ပြန် share မယ်ဆို reward တစ်ခုခု မဲဖောက်ပေးတာမျိုးကြောင့် Awareness ပါ ဒီ campaign ကနေ generate လုပ်လို့ရမှာဖြစ်ပါတယ်။ ဒီကနေတဆင့် သင့်ရဲ့ interactive campaign အကူအညီနဲ့ သင်က စျေးကွက်ရဲ့ ဦးဆောင်သူဖြစ်လာမှာပါ။

Conversion

ဒီအဆင့်ကတော့ Customer က ကိုယ့် product ကိုလည်းသိနေပြီ ၊ ဝယ်ဖို့လည်းအဆင်သင့် ဖြစ်နေပြီဖြစ်ပြီး ကိုယ့် Brand ကိုရွေးသင့်မရွေးသင့် စဉ်းစားဆုံးဖြတ်တဲ့ အချိန်ပါ။ အခုလိုအခြေအနေမျိုးက ကိုယ့် Brand ရဲ့ Customer Experience က ကောင်းနေဖို့လိုနေပါတယ်။ ပြိုင်ဖက်တွေမပေးနိုင်တဲ့ Customer တွေအံ့ဩသွားစေလောက်တဲ့ Customer Experience မျိုးကို AR/VR နဲ့ ဖန်တီးလို့ရပါတယ်။ ဒီအဆင့်ကိုလည်း Pre-sales, Point of purchase နဲ့ after-sales ဆိုပြီး ခွဲပြီး AR/ VR နဲ့ Brand Experience ကိုထောက်ပံ့နိုင်ပါတယ်။

Pre-slaes အဆင့်မှာဆိုရင် Online ပေါ်ကနေ
ကိုယ့်ပစ္စည်းကို မဝယ်ခင် AR/VR ကိုသုံးပြီး Virtual စမ်းသုံးကြည့်လို့ရပါတယ်။ အဲ့ဒါကြောင့် customer အနေနဲ့ ဒီ product က ကိုယ်နဲ့ ကိုက်မကိုက်၊ ကိုယ့်အတွက်အဆင်ပြေမပြေ၊ ကိုယ့်အကြိုက်ဟုတ်မဟုတ်ကို မဝယ်ခင်ကတည်းက ကြိုသိရှိပြီး ရွေးချယ်ဝယ်ယူနိုင်တာကြောင့် Brand ကပေးတဲ့ customer experience ကို Customer တွေအနေနဲ့ ဆိုစမှတ်ပြုစေန်ိုင်မှာပါ။ ဥပမာအနေနဲ့ နှုတ်ခမ်းနီ၊ မိတ်ကပ်၊ မျက်မှန်စတဲ့ တစ်ကိုယ်ရည် အသုံးအဆောင်ကနေ အိမ်သုံးပစ္စည်းတွေအထိ Try before they buy ဆိုပြီး မဝယ်ခင်စမ်းလို့ရတဲ့ Value ပေးလို့ရပါတယ်။ VR ကိုသုံးပြီးတော့လည်း အိမ်ရာပြပွဲတွေကို ကြည့်နိုင်တာကြောင့် ပြပွဲက်ိုမလာနိုင်တဲ့နေရာတိုင်း ကိုယ့် online customer တွေကို တိုက်ခန်း/အိမ်ယာ ဝယ်ချင်လာအောင် စေ့ဆော်ပေးနိုင်ပါတယ်။ ပန်းချီပြပွဲလည်း ထို့အတူပါပဲ။ AR/VR သုံးနေရင်း ကြိုက်ရင်လည်း တန်းဝယ်လို့ရအောင် CTA ထည့်ပြီး Product Page ကိုညွှန်းနိုင်တာကြောင့် conversion ဖြစ်ဖို့လည်း အထောက်အကူပြုမှာပါ။

Point-of-purchase အဆင့်ကတော့ ကိုယ့်ဆီကို customer လာအောင် ပ်ိုမိုထူးခြားတဲ့ အတွေ့အကြုံသစ်တွေပေးဖို့ကို Augmented Reality နဲ့ သုံးနိုင်ပါတယ်။ ကိုယ့် Online Shop ဖြစ်ဖြစ် Physical Store ဖြစ်ဖြစ် ကိုယ့်ဆီ Customer လာချင်လာအောင် ကို ကိုယ့် Brand ရဲ့ Story နဲ့လိုက်ပြီး Augmented Reality Experience တွေကိုဖန်တီးနိုင်ပါတယ်။ ဥပမာ ကိုယ့်ဆိုင်ကိုလာရင် Customer တွေရဲ့ ဖုန်းထဲကနေတဆင့် သူတို့ကိုယ်တိုင် သုံးလို့ရမယ့် AR Navigation တွေ၊ ကိုယ့် Brand ရဲ့ ခမ်းနားတဲ့ Story တွေကို အခြေပြုဖန်တီးထားတဲ့ AR Content တွေ ၊ ကိုယ့်ရဲ့ Product ကို customer တွေအတွက် ချစ်ခြင်းဖြင့်ဘယ်လို ဖန်တီးထားတဲ့ဆိုတဲ့ AR content တွေ၊ AR Game/Mini Game လေးတွေကို ဆော့ခိုင်းပြီး ရတဲ့ point က်ို discount ပေးပြီးနောက် marketing အတွက် retargeting လုပ်ဖို့ သူတို့ရဲ့ data ကိုဖြည့်ခိုင်းတာတွေ၊ AR Photo Background လုပ်ထားပြီး ထူးထူးခြားခြား AR Filter တွေနဲ့ ဓာတ်ပုံရိုက်လို့ရတာတွေ စသဖြင့် Marketing Idea အလိုက် AR/VR, Mini-game လေးတွေသုံးပြီး customer experience ပိုကောင်းအောင်လုပ်နိုင်ပါတယ်။ ကိုယ့် product ကိုဝယ်မှ​ အဆိုပါ experience တွေကို ရမှာဖြစ်တာကြောင့် အရောင်းတက်အောင် အဆိုပါ experience များဖြင့် လုပ်နိုင်မှာဖြစ်ပါတယ်။

Post-sales မှာဆိုရင်တော့ customer ဝယ်ယူသွားတဲ့ ကိုယ့် product ရဲ့ packaging မှာ AR content တွေထည့်ပြီး customer တွေဆီကနေ သူတို့က်ိုဂရုစ်ိုက်ပေးတယ်ဆိုတဲ့ ခံစားချက်ကို ရယူနိုင်ပါတယ်။ ခုလို AR မှာတော့ product အကြောင်းကို AR နဲ့ရှင်းပြတာတွေ၊ ကလေးပစ္စည်းတွေဆိုရင်လည်း ကလေးတွေအတွက်ရည်ရွယ်ပြီး AR content လေးတွေ ဂိမ်းလေးတွေ ဖန်တီးတာမျိုးတွေ၊ product သုံးနည်း လမ်းညွှန်ကိုလည်း AR နဲ့ပြတာတွေအပြင် အပေါ် stage တွေကလို ကိုယ့် Brand Story ကို Packaging ကနေတဆင့် AR နဲ့ ဖော်ပြနိုင်ပါတယ်။ ခုလို အဆုံးထိ နည်းပညာဆန်းဆန်းဖြင့် ဂရုစ်ိုက်ပေးခြင်းဖြင့် customer တွေအနေနဲ့ ကိုယ့်ဆီကို နောက်တစ်ခါ ပြန်လာဖ်ို့ အခွင့်အရေးများမှာဖြစ်ပါတယ်။

Credit- Nescafe Myanmar

ဒီလိုအဆင့်တွေအလ်ိုက်လုပ်လို့ရတဲ့ Campaign တွေနဲ့ campaignမှာသုံးလို့ရတဲ့ Advanced Digital Tools တွေကို ရှင်းပြပေးထားတာဖြစ်ပြီး ရရှိမယ့် အကျိုးကျေးဇူးတွေက်ိုလည်း ဖော်ပြပေးထားတာဖြစ်ပါတယ်။ ခုလို Ideasတွေကို reference လုပ်ပြီး ကိုယ့် Brand အလိုက် အထူးခြားဆုံး အဆန်းသစ်ဆုံးသော customer တွေကိုယ်တိုင်ပါဝင်လို့ရတဲ့ interactive marketing campaign တွေဖန်တီးချင်တယ်ဆိုရင်တော့ လိုအပ်တဲ့ Digital Tools တွေရရှိဖို့အတွက် rangoon.tech နဲ့ အခမဲ့တိုင်ပင်လို့ရပါတယ်ခင်ဗျာ။