Metaverse: How can Brands enter this space?

မနှစ်က Facebook ကနေ Meta လို့ နာမည်ပြောင်းလိုက်ပြီး သူတို့ကိုယ်ပိုင် metaverse ကို လုပ်တော့မယ်ဆိုပြီး ကြေညာတဲ့ အကြောင်းကို အားလုံးသိပြီးသားဖြစ်မှာပါ။ Metaverse ဟာ လက်ရှိမှာ လူတိုင်းမသုံးသေးပေမယ့် Sandbox တို့ Decentraland တွေမှာတော့ Metaverse experience ကို စသုံးနိုင်နေပြီဖြစ်ပါတယ်။ သို့ပေမယ့်လည်း အဲ့ဒီ metaverse တွေဟာ Facebook လို Giant social media တစ်ခု မဟုတ်တာကြောင့် လူတိုင်း metaverse သုံးလာအောင်တော့ မစွမ်းဆောင်နိုင်ကြသေးပါဘူး။ Meta(Facebook) ရဲ့ vision နဲ့ သူတို့ရဲ့ အင်အားနဲ့ဆိုရင်တော့ Facebook ကို သူတို့လုပ်နိုင်ခဲ့သလို နောက်တစ်ကြိမ် distruption တစ်ခုအဖြစ် metaverse social experience ဖြစ်လာမလားဆိုတာကတော့ ကျွန်တော်တို့အားလုံး ဆက်လက်စောင့်ကြည့်ရမှာပဲဖြစ်ပါတယ်။

Metaverse platform စစ်စစ်တွေက သိပ်ခေတ်မစားသေးပေမယ့် Blockchain တို့ NFT တို့လို နည်းပညာတွေနဲ့ AR/VR တို့ကတော့ user တွေနဲ့ရင်းနှိီးတဲ့ အဆင့်တစ်ခုကို ရောက်နေကြပါပြီ။ ဒါ့ကြောင့်မို့လို့ အနာဂတ်မှာ Brand တွေအနေနဲ့ audience တွေ (အထူးသဖြင့် လူငယ် audience တွေ) ကို engage လုပ်လိုတဲ့အခါ သူတို့ရှိတဲ့ နေရာတွေကို သွားဖို့လိုအပ်လာမှာပဲဖြစ်ပါတယ်။ Covid ရဲ့ နောက်ဆက်တွဲ behavior changes တွေကြောင့် Zoom တို့လို online video meeting တွေကနေ တဆင့် အချင်းချင်း ထိတွေ့ဆက်ဆံလာကြတာကနေ wholly immerse ဖြစ်သွားမယ့် metaverse လို 3D virtual world အထိ social connection ပုံစံတွေ ပြောင်းသွားနိုင်တာကြောင့် Brand တွေအနေနဲ့လည်း ၄င်းတို့ကို စောင့်ကြည့်သင့်ပါတယ်။

Virtual world မှာ ကိုယ့် brand ကရောင်းတဲ့ product တွေကို ကြော်ငြာရန်၊ product တွေကို 3D ဖြင့် online ကနေ ကြည့်နိုင်ရန် နဲ့ soical commerce အနေနဲ့ ရောင်းချကြရုံသာမက တချို့သော Global brand တွေဟာဆိုရင် ကိုယ်ပိုင် NFTs တွေထုတ်ပြီး Virtual assets တွေ Digital collectibles တွေဖြစ်တဲ့ NFTs တွေကို စုရတာ ကြိုက်နှစ်သက်လာကြတဲ့ လူငယ်တွေကို engage လုပ်လာကြပြီဖြစ်ပါတယ်။ ဒါ့ကြောင့်မို့လို့လည်း HBR က article တစ်ခုမှာ Brand တွေကို အောက်ပါအတိုင်းတိုက်တွန်းထားပါတယ်။

” Brands should always be in a test-and-learn mode, and the digital landscape, in particular, requires intellectual curiosity. The metaverse is potentially the next iteration of how humans use the internet to connect, communicate and transact — sitting on the sidelines too long is not likely to be an option. “

HBRရဲ့ article ကို အောက်ပါ link ကနေ ဖတ်နိုင်ပါတယ်ခင်ဗျာ။
https://hbr.org/2022/01/how-brands-can-enter-the-metaverse?ab=at_art_art_1x1&registration=success

ဒါ့ကြောင့် Metaverse တွေကို audience တွေပိုသုံးလာတဲ့အမျှ Brand တွေအနေနဲ့ marketing နဲ့ advertising campaign တွေကို metaverse ထဲမှာ လုပ်ဖို့ လိုလာမှာလည်း မလွဲမသွေပါပဲ။ metaverse ထဲမှာ campaign တွေ run တဲ့ concept ကို ဥပမာအနေနဲ့ Fornite Game ထဲမှာ Air Jordan လုပ်သွားတဲ့ campaign အကြောင်းလေး ပြန် share ပါရစေ။ Fornite player တွေအနေနဲ့ Air Jordan’s XI Cool Grey sneakers တွေကို ရယူနိုင်ဖို့ touranment ကို နိုင်အောင်ဆော့ရတာမျိုးတွေ၊ Virtual basketball court ထဲမှာ ဝင်ဆော့ရတာမျိုးတွေ၊ Branded videos တွေ ကြည့်ပေးရတာမျိုးတွေ၊ Air Jordan Virutal Museum မှာ ဝင်ပြီး လေ့လာရတာမျိုးတွေ စတဲ့ အဆင့်အဆင့်လုပ်ဆောင်ချက်တွေ လုပ်ရမှာပါ။ ဒါကတော့ ကျွန်တော်တို့ ခုလက်ရှိ run နေတဲ့ campaign မျိုးတွေနဲ့ ဆင်တူပြီး metaverse တစ်ခုအတွင်းမှာပဲ campaign concept တွေကို အကုန်တည်ဆောက်ထားပဲ ကွာသွားတာပါ။
https://www.epicgames.com/fortnite/en-US/news/the-jumpman-zone-and-the-air-jordan-xi-cool-grey-come-to-fortnite

နောက်တစ်ခုကတော့ skateboard brand တစ်ခုဟာဆိုရင် Virtual world concept game တစ်ခုဖြစ်တဲ့ Roblox Game ထဲမှာ virtual skatepark တစ်ခုဖန်တီးထားပြီး player တွေကို virtual စကိတ် tricks တွေ try ခိုင်းပြီး points တွေပေးတာပါ။ အဆိုပါ points တွေကို သူတို့ virtual store မှာပဲ လာလဲလို့ရပြီး Reward အနေနဲ့ player တွေရဲ့ metaverse ထဲက avator တွေရဲ့ design တွေကို customize လုပ်ပေးပါတယ်။

ဒီလိုနည်းတွေနဲ့ Metaverse တွေထဲမှာ youngsters တွေကို engage လုပ်ကြပြီး စာဖတ်သူတွေအနေနဲ့လည်း မိမိ brand အတွက် Metaverse ထဲမှာ next-gen brand experiene တွေဖန်တီးချင်နေလောက်ပြီလို့ထင်ပါတယ်။ Metaverse တွေ ဘာဆက်ဖြစ်လာမလဲဆိုတာကိုတော့ ကျွန်တော်တို့ အတူတူ ရင်ခုန်စိတ်လှုပ်ရှားစွာ စောင့်ကြည့်ပြီး ဆက် hype ကြစို့ဗျာ။

Leave a Comment

Your email address will not be published. Required fields are marked *