ကြားရတဲ့ ဇာတ်လမ်းနဲ့ ကိုယ်တိုင်ပါဝင်တဲ့ ဇာတ်လမ်း
Brand တစ်ခုရဲ့ သမိုင်းကြောင်းကို ဗီဒီယိုကြည့်ရုံနဲ့ သိနိုင်ပါတယ်။ ဒါပေမယ့် ကိုယ်တိုင် ရွေးချယ်မှုတွေ ပြုလုပ်ပြီး ဇာတ်လမ်းထဲမှာ ပါဝင်နိုင်ရင် အတွေ့အကြုံ ပိုထူးခြားလာနိုင်ပါတယ်။
Brand Message ကို ရွေးချယ်ပါ
Brand ရဲ့ တန်ဖိုးထားမှု၊ ပစ္စည်းဖြစ်ပေါ်လာပုံ ဒါမှမဟုတ် Customer အတွက် ဖန်တီးပေးချင်တဲ့ အပြောင်းအလဲကို အဓိက ဇာတ်လမ်းအဖြစ် ဆုံးဖြတ်ပါ။
အပြန်အလှန်ပါဝင်စေမယ့် ပုံစံ
QR Code ကနေ ဇာတ်ကောင်တစ်ခုနဲ့ တွေ့ဆုံခြင်း၊ ကိုယ်တိုင်ရွေးချယ်တဲ့ ဇာတ်လမ်းလမ်းကြောင်း၊ ပစ္စည်းတစ်ခုရဲ့ ခရီးစဉ်ကို AR Animation နဲ့ လေ့လာခြင်းတို့ ဖြစ်နိုင်ပါတယ်။

ကာစတန်မာရဲ့ အခန်းကဏ္ဍ
ဇာတ်လမ်းက Brand အကြောင်းသာ ပြောနေမယ့်အစား ကာစတန်မာ ဘာလုပ်နိုင်မလဲ စဉ်းစားပါ။ ရွေးချယ်မှုတစ်ခုစီက ဇာတ်လမ်းအပေါ် တုံ့ပြန်မှုရှိသင့်ပါတယ်။
ရလဒ်ကို လေ့လာခြင်း
ဇာတ်လမ်းပြီးဆုံးသူ၊ ရွေးချယ်မှုတွေနဲ့ Feedback ကို ကြည့်နိုင်ပါတယ်။ ဖျော်ဖြေမှုနဲ့ Brand Message တို့ နှစ်ခုစလုံးကို ကာစတန်မာ နားလည်သွားစေဖို့ အရေးကြီးပါတယ်။
TIPS
- အသုံးချနိုင်တဲ့နေရာများ
- Brand Heritage ExhibitProduct Story QRInteractive Video
- သင့်တော်တဲ့ Client အမျိုးအစားများ
- Lifestyle BrandHeritage BrandTourism OrganizationCreative Agency
ကိုယ့် Brand အတွက် ဘယ်လိုအသုံးချမလဲ?
Brand ရဲ့ ဇာတ်လမ်းထဲက အရေးကြီးတဲ့ အခိုက်အတန့်ကို ရွေးပြီး ကာစတန်မာ ပါဝင်ရွေးချယ်နိုင်တဲ့ Experience ဖန်တီးပါ။ ဥပမာ ပစ္စည်းတစ်ခုရဲ့ ထုတ်လုပ်လာပုံကို QR Code ကနေ အဆင့်လိုက် လေ့လာနိုင်ပါတယ်။
ဆန်းပြားတဲ့ ဘရန်းအတွေ့အကြုံအတွက် ရန်ကွန်းတက်


