Campaign ကို ဖွင့်တဲ့အချိန် လူဝင်များလာနိုင်ပါတယ်
Brand က Social Media မှာ Campaign Link တင်လိုက်တဲ့အခါ လူအများ တစ်ပြိုင်နက် ဝင်လာနိုင်ပါတယ်။ ပုံမှန်လည်ပတ်ချိန်ထက် ရုတ်တရက် တိုးလာတဲ့ အသုံးပြုမှုအတွက် စီစဉ်ဖို့ လိုပါတယ်။
အသုံးပြုမှု ခန့်မှန်းပါ
ရောင်းချမယ့် ပစ္စည်းအရေအတွက်၊ ကြော်ငြာရောက်ရှိမှု၊ Campaign ကာလနဲ့ တစ်ချိန်တည်း ဝင်ရောက်နိုင်သူတွေကို ဖြစ်နိုင်ခြေအလိုက် ခန့်မှန်းပါ။
ကာစတန်မာရဲ့ ဖုန်းအတွက် အဆင်ပြေစေပါ
အရွယ်အစားကြီးတဲ့ ဗီဒီယိုနဲ့ 3D ပုံရိပ်တွေကို သင့်တော်အောင် ပြင်ဆင်ပါ။ Loading အခြေအနေနဲ့ Network မကောင်းရင် ပြန်စမ်းနိုင်မယ့် လမ်းညွှန်ချက် ထားပါ။

စနစ်ရဲ့ စွမ်းဆောင်ရည် စမ်းသပ်ပါ
Campaign အစစ်ကို မထိခိုက်စေတဲ့ သတ်မှတ်ထားတဲ့ စမ်းသပ်ပတ်ဝန်းကျင်မှာ မျှော်မှန်းအသုံးပြုမှုအတိုင်း စစ်ဆေးပါ။ ဆုရယူမှုနဲ့ မှတ်တမ်းတင်မှု မှန်ကန်ဖို့လည်း အရေးကြီးပါတယ်။
လည်ပတ်နေစဉ် စောင့်ကြည့်ပါ
ဝင်ရောက်မှု၊ စနစ်တုံ့ပြန်ချိန်၊ အမှားဖြစ်မှုနဲ့ ဆုလက်ကျန်ကို သတ်မှတ်ထားတဲ့ အဖွဲ့က စောင့်ကြည့်ပါ။ ပြဿနာဖြစ်လာရင် ကာစတန်မာကို ရှင်းလင်းစွာ အသိပေးနိုင်ဖို့ ပြင်ဆင်ထားပါ။
TIPS
- အသုံးချနိုင်တဲ့နေရာများ
- National Online CampaignPackaging PromotionWeb Game Launch
- သင့်တော်တဲ့ Client အမျိုးအစားများ
- FMCG BrandTelecomDigital AgencyCampaign Operator
ကိုယ့် Brand အတွက် ဘယ်လိုအသုံးချမလဲ?
Campaign Link ကို လူအများ တစ်ပြိုင်နက် ဖွင့်လာနိုင်မယ့် အချိန်တွေကို ကြိုတင်ခန့်မှန်းပါ။ ဖွင့်ချိန်၊ ဆုရယူမှုနဲ့ စနစ်အခြေအနေတွေကို စမ်းသပ်ပြီး လည်ပတ်နေစဉ် စောင့်ကြည့်နိုင်ပါတယ်။
ဆန်းပြားတဲ့ ဘရန်းအတွေ့အကြုံအတွက် ရန်ကွန်းတက်


