rangoon.tech homeTalk to us
← BackMarketing basics

ရန်ကွန်းတက် ဂျာနယ်

ရန်ကွန်းတက် အဖွဲ့ဖတ်ရှုချိန် ၄ မိနစ်

Share this article

Share card: Phygital Marketing ဆိုတာဘာလဲ?

ဆိုင်မှာ စတင်တဲ့ အတွေ့အကြုံကို ဖုန်းပေါ်မှာ ဆက်လက်ခံစားနိုင်စေတဲ့ Phygital Marketing အကြောင်းနဲ့ လက်တွေ့အသုံးချနည်းတွေကို လေ့လာလိုက်ပါ။

https://rangoon.tech/blog/phygital-marketing

Phygital Marketing ဆိုတာဘာလဲ?

လက်တွေ့အတွေ့အကြုံနဲ့ Digital Experience ကို ချိတ်ဆက်ခြင်း

Share to

Share this article

Share card: Phygital Marketing ဆိုတာဘာလဲ?

ဆိုင်မှာ စတင်တဲ့ အတွေ့အကြုံကို ဖုန်းပေါ်မှာ ဆက်လက်ခံစားနိုင်စေတဲ့ Phygital Marketing အကြောင်းနဲ့ လက်တွေ့အသုံးချနည်းတွေကို လေ့လာလိုက်ပါ။

https://rangoon.tech/blog/phygital-marketing

ဆိုင်မှာ စတင်ပြီး ဖုန်းပေါ်မှာ ဆက်လက်ပါဝင်ခြင်း

ဆိုင်က အချိုရည်တစ်ဘူး ဝယ်ယူပြီး အဖုံးအောက်က Code ကို ဖုန်းထဲထည့်လိုက်တာနဲ့ ဆုဖွင့်နိုင်မယ်ဆိုပါစို့။ ဝယ်ယူမှုက လက်တွေ့ဆိုင်မှာ ဖြစ်ပေမယ့် Campaign အတွေ့အကြုံက ဖုန်းပေါ်မှာ ဆက်လက်ဖြစ်ပေါ်နေပါတယ်။

Pack AR and phone games for FMCG brands
Pack AR and phone games for FMCG brands

Phygital Marketing ရဲ့ အဓိပ္ပာယ်

Physical နဲ့ Digital ကို ပေါင်းစပ်ပြီး ကာစတန်မာအတွက် တစ်ဆက်တည်း အတွေ့အကြုံ ဖန်တီးပေးတဲ့ Marketing ပုံစံကို Phygital Marketing လို့ ခေါ်ပါတယ်။ Online နဲ့ On-ground ကို သီးခြားမထားဘဲ အချင်းချင်း အထောက်အကူပြုစေပါတယ်။

လက်တွေ့ဥပမာများ

ဆိုင်အတွင်း QR Code ဖတ်ပြီး Digital Coupon ရယူခြင်း၊ Event မှာ AR Mirror နဲ့ ရိုက်ထားတဲ့ပုံကို ဖုန်းထဲ ပြန်ရယူခြင်း၊ ထုပ်ပိုးဘူးကို ဖုန်းကင်မရာနဲ့ ချိန်ပြီး Product Story ကြည့်ခြင်းတို့ ဖြစ်ပါတယ်။

AR Event Invitation Cardrangoon.tech · YouTube မှာ ကြည့်ရန် ↗

Customer Journey ကို စီစဉ်ပါ

လူတွေ ဘယ်နေရာမှာ စတင်မလဲ၊ ဖုန်းကို ဘယ်အချိန် အသုံးပြုမလဲ၊ နောက်တစ်ဆင့် ဘာလုပ်မလဲဆိုတာ အစကတည်းက စဉ်းစားပါ။ ဥပမာ Scan → Play → Claim → Redeem ဆိုတဲ့ အဆင့်တွေ အချင်းချင်း ဆက်သွယ်ဖို့လိုပါတယ်။

  1. Scan
  2. Play
  3. Claim
  4. Redeem

ဘာကြောင့် အသုံးဝင်လဲ?

လက်တွေ့ထိတွေ့မှုက ပစ္စည်းကို မြင်တွေ့စမ်းသုံးနိုင်စေပြီး Digital အပိုင်းက အတွေ့အကြုံကို ဆိုင်ပြင်ပအထိ ဆက်လက်မျှဝေနိုင်စေပါတယ်။ Campaign ကို တိုင်းတာနိုင်မယ့် အချက်အလက်တွေ ရရှိအောင်လည်း တည်ဆောက်နိုင်ပါတယ်။

အသုံးချရာမှာ သတိထားရမယ့်အချက်

QR Code ဖတ်မရတာ၊ Internet မကောင်းတာ၊ Coupon အသုံးပြုပုံကို ဝန်ထမ်းမသိတာမျိုး မဖြစ်အောင် အစအဆုံး စမ်းသပ်ပါ။ နည်းပညာအများကြီး သုံးတာထက် လူတွေ အဆင်ပြေပြေ ဆက်လက်ပါဝင်နိုင်တာက ပိုအရေးကြီးပါတယ်။

TIPS

အသုံးချနိုင်တဲ့နေရာများ
ဆိုင်ဝယ်ယူမှုနှင့် Online RewardPackaging QREvent Check-in
သင့်တော်တဲ့ Client အမျိုးအစားများ
Retail ChainFMCG BrandLoyalty PlatformMarketing Agency

ကိုယ့် Brand အတွက် ဘယ်လိုအသုံးချမလဲ?

ဆိုင်မှာ စတင်တဲ့ ဝယ်ယူမှုကို QR Code ကနေ ဖုန်းပေါ် ဆက်လက်ချိတ်ဆက်ပါ။ ဥပမာ ဝယ်ယူသူက Game ကစားပြီး ဆိုင်မှာ အသုံးပြုနိုင်တဲ့ Coupon ပြန်ရတဲ့ Experience တစ်ခု ဖန်တီးနိုင်ပါတယ်။

ဆန်းပြားတဲ့ ဘရန်းအတွေ့အကြုံအတွက် ရန်ကွန်းတက်

Share this article

Share card: Phygital Marketing ဆိုတာဘာလဲ?

ဆိုင်မှာ စတင်တဲ့ အတွေ့အကြုံကို ဖုန်းပေါ်မှာ ဆက်လက်ခံစားနိုင်စေတဲ့ Phygital Marketing အကြောင်းနဲ့ လက်တွေ့အသုံးချနည်းတွေကို လေ့လာလိုက်ပါ။

https://rangoon.tech/blog/phygital-marketing

Want this for your brand?

Tell us what you're planning. We'll come back with ideas.