rangoon.tech homeTalk to us
← BackGames & rewards

ရန်ကွန်းတက် ဂျာနယ်

ရန်ကွန်းတက် အဖွဲ့ဖတ်ရှုချိန် ၄ မိနစ်

Share this article

Share card: QR Code Campaign တစ်ခုကို ဘယ်လိုစီစဉ်မလဲ?

QR Code တစ်ခုကနေ Game၊ Product Story နဲ့ ဆုလက်ဆောင်တွေ ရယူနိုင်တဲ့ Campaign ကို ဘယ်လိုစီစဉ်သင့်လဲ?

https://rangoon.tech/blog/qr-code-campaign

QR Code Campaign တစ်ခုကို ဘယ်လိုစီစဉ်မလဲ?

Scan တစ်ချက်ကနေ ကာစတန်မာကို နောက်တစ်ဆင့်ဆီ လမ်းညွှန်ခြင်း

Share to

Share this article

Share card: QR Code Campaign တစ်ခုကို ဘယ်လိုစီစဉ်မလဲ?

QR Code တစ်ခုကနေ Game၊ Product Story နဲ့ ဆုလက်ဆောင်တွေ ရယူနိုင်တဲ့ Campaign ကို ဘယ်လိုစီစဉ်သင့်လဲ?

https://rangoon.tech/blog/qr-code-campaign

QR Code ဖတ်ပြီးရင် ဘာဖြစ်မလဲ?

ဆိုင်မှာ QR Code တစ်ခု တွေ့ရပေမယ့် ဘာရမလဲ မသိရင် ကာစတန်မာက ဖတ်ဖို့ စိတ်မဝင်စားနိုင်ပါဘူး။ Scan ပြီးတဲ့အခါ ဆုဖွင့်နိုင်မယ်၊ ပစ္စည်းအကြောင်း သိနိုင်မယ် စတဲ့ အကြောင်းပြချက် ရှင်းလင်းဖို့ လိုပါတယ်။

Scanning a Close Up pack
Scanning a Close Up pack

QR Code ကို Campaign ဝင်ပေါက်အဖြစ် အသုံးချပါ

ထုပ်ပိုးဘူး၊ လက်ကမ်းစာစောင်၊ ဆိုင်အတွင်း Poster နဲ့ Event Booth တွေကနေ Website၊ Microsite၊ WebAR ဒါမှမဟုတ် Digital Coupon ဆီ ချိတ်ဆက်နိုင်ပါတယ်။

အဆင့်နည်းပြီး နားလည်လွယ်စေပါ

ဥပမာ Scan → Game → Coupon ဆိုတဲ့ အဆင့်သုံးဆင့်နဲ့ အဆုံးထိ ရောက်ရှိနိုင်အောင် စီစဉ်ပါ။ မှတ်ပုံတင်ဖို့ လိုအပ်ရင် လိုအပ်တဲ့ အချက်အလက်ကိုသာ တောင်းယူပါ။

  1. Scan
  2. Game
  3. Coupon

နေရာနဲ့ ပုံနှိပ်မှုကို စမ်းသပ်ပါ

QR Code ကို ဖတ်နိုင်လောက်တဲ့ အရွယ်အစားနဲ့ အရောင်ကွာခြားမှု ရှိစေပါ။ ကွေးနေတဲ့ ထုပ်ပိုးပစ္စည်း၊ အလင်းပြန်တဲ့ နေရာနဲ့ အဝေးကနေ ဖတ်ရမယ့် Poster တွေမှာ လက်တွေ့ဖုန်းနဲ့ စမ်းသပ်ပါ။

Link နဲ့ Campaign စနစ်ကို ပြင်ဆင်ပါ

လူအများ တစ်ပြိုင်နက် ဝင်ရောက်နိုင်မလား၊ ဖုန်းအမျိုးအစားအမျိုးမျိုးနဲ့ အလုပ်လုပ်မလား စစ်ဆေးပါ။ ဆုအစီအစဉ်အတွက်ဆို အသုံးပြုပြီးသား Code တွေကို ထပ်မံအသုံးမပြုနိုင်အောင် စနစ်တကျ ထိန်းချုပ်ပါ။

တိုင်းတာနိုင်မယ့် အချက်များ

ဘယ်ဆိုင် ဒါမှမဟုတ် ဘယ် Poster ကနေ ဝင်ရောက်လာလဲဆိုတာ ခွဲခြားနိုင်အောင် Link တွေ စီစဉ်ပါ။ Scan လုပ်မှု၊ စတင်ပါဝင်မှု၊ ဆုရယူမှုနဲ့ Coupon အသုံးပြုမှုကို သီးခြားကြည့်ပါ။

TIPS

အသုံးချနိုင်တဲ့နေရာများ
PackagingPosterဆိုင်ကောင်တာEvent Registration
သင့်တော်တဲ့ Client အမျိုးအစားများ
FMCG BrandRetail ChainRestaurantEvent Organizer

ကိုယ့် Brand အတွက် ဘယ်လိုအသုံးချမလဲ?

QR Code ဘေးမှာ Scan လုပ်ပြီး ဘာရမလဲဆိုတာ ရှင်းရှင်းလင်းလင်း ဖော်ပြပါ။ ဥပမာ QR ဖတ်ပြီး Game ကစားနိုင်ကြောင်း ပြသကာ ဆိုင်အလိုက် ဝင်ရောက်မှုကို ခွဲခြားတိုင်းတာနိုင်ပါတယ်။

ဆန်းပြားတဲ့ ဘရန်းအတွေ့အကြုံအတွက် ရန်ကွန်းတက်

Share this article

Share card: QR Code Campaign တစ်ခုကို ဘယ်လိုစီစဉ်မလဲ?

QR Code တစ်ခုကနေ Game၊ Product Story နဲ့ ဆုလက်ဆောင်တွေ ရယူနိုင်တဲ့ Campaign ကို ဘယ်လိုစီစဉ်သင့်လဲ?

https://rangoon.tech/blog/qr-code-campaign

Want this for your brand?

Tell us what you're planning. We'll come back with ideas.