ကာစတန်မာတိုင်း တူညီတဲ့ပုံစံနဲ့ မပါဝင်နိုင်ပါဘူး
လက်လှုပ်ရှားရတဲ့ Game ကို လူအချို့ ကစားနိုင်ပေမယ့် ကိုယ်လက်လှုပ်ရှားမှု ကန့်သတ်ချက်ရှိသူအတွက် အခက်အခဲ ဖြစ်နိုင်ပါတယ်။ လူအမျိုးမျိုးကို အစကတည်းက စဉ်းစားဖို့ လိုပါတယ်။
Accessibility ရဲ့ အဓိပ္ပာယ်
မြင်နိုင်မှု၊ ကြားနိုင်မှု၊ လှုပ်ရှားနိုင်မှုနဲ့ နားလည်နိုင်မှု မတူညီတဲ့သူတွေကို အတတ်နိုင်ဆုံး အသုံးပြုခွင့်ပေးမယ့် Design ဖြစ်ပါတယ်။
လမ်းညွှန်ချက်နဲ့ မျက်နှာပြင်
စာသား ဖတ်ရလွယ်တဲ့ အရွယ်အစား၊ အရောင်ကွာခြားမှု၊ ခလုတ်ကြီးတွေ ထားရှိပါ။ အသံဖြင့်သာ ရှင်းပြခြင်းထက် စာသားနဲ့ ပုံရိပ်လည်း ထည့်နိုင်ပါတယ်။
အစားထိုးပါဝင်ပုံ
လှုပ်ရှားမှုနဲ့ ကစားတဲ့ Challenge အတွက် Touch Control၊ ဖုန်းနဲ့ အခြားပါဝင်နိုင်တဲ့ ပုံစံတွေ စဉ်းစားပါ။ ပွဲနေရာမှာ လမ်းကြောင်းနဲ့ စက်အမြင့်ကိုပါ ထည့်တွက်ပါ။
အသုံးပြုသူတွေနဲ့ စမ်းသပ်ပါ
လိုအပ်ချက် မတူညီတဲ့သူတွေထံက Feedback ရယူပြီး လမ်းညွှန်ချက်နဲ့ လုပ်ဆောင်ပုံ ပြင်ဆင်ပါ။ ပါဝင်ဖို့ အခွင့်အရေးတိုးလာတာက Brand Experience တစ်ခုလုံး ပိုကောင်းလာစေနိုင်ပါတယ်။
TIPS
- အသုံးချနိုင်တဲ့နေရာများ
- Public EventMall GameMobile ExperienceExhibition
- သင့်တော်တဲ့ Client အမျိုးအစားများ
- Mall OperatorEvent OrganizerPublic-facing BrandUX Team
ကိုယ့် Brand အတွက် ဘယ်လိုအသုံးချမလဲ?
ကာစတန်မာ အသက်အရွယ်နဲ့ လှုပ်ရှားနိုင်မှု ကွာခြားတာကို ထည့်တွက်ပါ။ စာသားကြီး၊ ရှင်းလင်းတဲ့ လမ်းညွှန်ချက်နဲ့ Touch Control လို အခြားပါဝင်နိုင်မယ့် နည်းလမ်း ထည့်သွင်းနိုင်ပါတယ်။
ဆန်းပြားတဲ့ ဘရန်းအတွေ့အကြုံအတွက် ရန်ကွန်းတက်


