ယုံကြည်မှုက Brand Experience ရဲ့ အစိတ်အပိုင်းတစ်ခုပါ
Game ဝင်ကစားဖို့ ဖုန်းနံပါတ်ဖြည့်ရမယ်၊ ဓာတ်ပုံရိုက်ဖို့ ကင်မရာဖွင့်ရမယ်ဆိုတဲ့အခါ ကာစတန်မာက ဘာကြောင့် ဒီအချက်တွေ လိုအပ်သလဲ သိချင်နိုင်ပါတယ်။
လိုအပ်တဲ့အချက်တွေကိုသာ တောင်းပါ
ပျော်ရွှင်စရာ Game ဆော့ရုံအတွက် အမည်၊ လိပ်စာ ဒါမှမဟုတ် ဖုန်းနံပါတ် မလိုအပ်ရင် မတောင်းသင့်ပါဘူး။ ဆုရယူမှုလို ရည်ရွယ်ချက်အတွက် လိုအပ်တဲ့ အချက်ကိုသာ ရွေးပါ။
အသုံးပြုပုံကို ရှင်းပြပါ
ဓာတ်ပုံနဲ့ အခြား Data ကို ဘယ်သူ အသုံးပြုမလဲ၊ ဘာအတွက်သုံးမလဲ၊ ဘယ်လောက်ကြာ သိမ်းမလဲဆိုတာ နားလည်လွယ်စွာ ဖော်ပြပါ။ နောက်ဆက်တွဲ Marketing အတွက် သဘောတူညီချက်ကို သီးခြားထားနိုင်ပါတယ်။
လုံခြုံစွာ စီမံပါ
အချက်အလက်ကြည့်ရှုနိုင်သူကို လိုအပ်တဲ့ တာဝန်ရှိသူတွေအထိ ကန့်သတ်ပါ။ မလိုအပ်တော့တဲ့ Data ကို ဖျက်သိမ်းမယ့် အစီအစဉ် ထားရှိပြီး သက်ဆိုင်ရာ စည်းမျဉ်းတွေကို စစ်ဆေးပါ။
Privacy ကို Design အစကတည်းက ထည့်ပါ
Camera Permission၊ Form နဲ့ ပုံရိပ်ပြန်ယူမှုတွေကို Campaign ရဲ့ Flow ထဲမှာ ကြိုတင်စီစဉ်ပါ။ နည်းပညာ အဆင်ပြေရုံသာမက ကာစတန်မာရဲ့ ရွေးချယ်မှုနဲ့ ယုံကြည်မှုကိုလည်း လေးစားသင့်ပါတယ်။
TIPS
- အသုံးချနိုင်တဲ့နေရာများ
- Registration FormPhotoboothQR CampaignReward System
- သင့်တော်တဲ့ Client အမျိုးအစားများ
- Brand Marketing TeamAgencyRetail ChainData Management Team
ကိုယ့် Brand အတွက် ဘယ်လိုအသုံးချမလဲ?
Game ဆော့ရုံအတွက် မလိုအပ်တဲ့ အချက်အလက်တွေ မတောင်းပါနဲ့။ ဓာတ်ပုံ သိမ်းဆည်းမှုနဲ့ ဆုရယူဖို့ လိုအပ်တဲ့ Data အသုံးပြုပုံကို ကာစတန်မာ နားလည်နိုင်အောင် ဖော်ပြပါ။
ဆန်းပြားတဲ့ ဘရန်းအတွေ့အကြုံအတွက် ရန်ကွန်းတက်


