rangoon.tech homeTalk to us
← BackAR & Technology

ရန်ကွန်းတက် ဂျာနယ်

ရန်ကွန်းတက် အဖွဲ့ဖတ်ရှုချိန် ၅ မိနစ်

Share this article

Share card: AR ဆိုတာဘာလဲ?

AR ဆိုတာဘာလဲ? Brand တွေအနေနဲ့ AR နည်းပညာကို အသုံးပြုပြီး ကာစတန်မာတွေအတွက် စိတ်ဝင်စားစရာ အတွေ့အကြုံတွေ ဘယ်လိုဖန်တီးနိုင်မလဲဆိုတာ ဒီဆောင်းပါးမှာ လေ့လာလိုက်ပါ။

https://rangoon.tech/blog/what-is-ar

AR ဆိုတာဘာလဲ?

Augmented Reality ကို နားလည်ပြီး Brand Marketing မှာ အသုံးချနိုင်မယ့် နည်းလမ်းများ

Share to

Share this article

Share card: AR ဆိုတာဘာလဲ?

AR ဆိုတာဘာလဲ? Brand တွေအနေနဲ့ AR နည်းပညာကို အသုံးပြုပြီး ကာစတန်မာတွေအတွက် စိတ်ဝင်စားစရာ အတွေ့အကြုံတွေ ဘယ်လိုဖန်တီးနိုင်မလဲဆိုတာ ဒီဆောင်းပါးမှာ လေ့လာလိုက်ပါ။

https://rangoon.tech/blog/what-is-ar

ဖုန်းကင်မရာဖွင့်လိုက်တာနဲ့ ကိုယ့်မျက်နှာပေါ်မှာ ကာတွန်းဇာတ်ကောင်တစ်ခု ပေါ်လာတာ၊ နေကာမျက်မှန်ကို တကယ်မဝတ်ဘဲ စမ်းဝတ်ကြည့်နိုင်တာ၊ ကုန်ပစ္စည်းဘူးကို ကင်မရာနဲ့ ချိန်လိုက်တဲ့အခါ ဂိမ်းတစ်ခု ပေါ်လာတာမျိုး ကြုံဖူးကြမှာပါ။ ဒီလို အတွေ့အကြုံတွေရဲ့ နောက်ကွယ်မှာ AR နည်းပညာ ပါဝင်နေပါတယ်။

Social AR Filter
Social AR Filter

AR ဆိုတာ ဘာလဲ?

AR (Augmented Reality) ဆိုတာ ကိုယ်မြင်နေရတဲ့ လက်တွေ့ပတ်ဝန်းကျင်ထဲမှာ Digital ပုံရိပ်တွေ၊ 3D အရာဝတ္ထုတွေ၊ Animation တွေနဲ့ အပြန်အလှန် တုံ့ပြန်နိုင်တဲ့ အကြောင်းအရာတွေ ထပ်ပေါင်းပြသပေးတဲ့ နည်းပညာတစ်ခု ဖြစ်ပါတယ်။

ဥပမာ ကိုယ့်အခန်းထဲမှာ ဆိုဖာအသစ်တစ်လုံး ထားလိုက်ရင် ဘယ်လိုပုံစံဖြစ်မလဲဆိုတာ ဖုန်းကင်မရာကနေ ကြိုတင်ကြည့်နိုင်ပါတယ်။ တကယ့်အခန်းက ရှိနေဆဲဖြစ်ပြီး ဆိုဖာပုံရိပ်ကိုသာ Digital နည်းနဲ့ ထပ်ပေါင်းပြသပေးတာပါ။

IKEA Place — ဖုန်းကင်မရာကနေ ကိုယ့်အခန်းထဲမှာ ပရိဘောဂ စမ်းထားကြည့်နိုင်တဲ့ AR AppIKEA · YouTube မှာ ကြည့်ရန် ↗

AR နဲ့ VR က ဘာကွာလဲ?

AR က လက်တွေ့ပတ်ဝန်းကျင်ကို အခြေခံပြီး Digital အရာတွေ ထပ်ပေါင်းပေးတာ ဖြစ်ပါတယ်။ VR (Virtual Reality) ကတော့ လက်တွေ့ပတ်ဝန်းကျင်အစား သီးခြားဖန်တီးထားတဲ့ Virtual World ထဲကို ဝင်ရောက်ခံစားစေတာ ဖြစ်ပါတယ်။

AR

လက်တွေ့ပတ်ဝန်းကျင် + Digital အရာများ

ဥပမာ: ကိုယ့်ဧည့်ခန်းထဲမှာ ပရိဘောဂ စမ်းထားကြည့်နိုင်

VR

သီးခြားဖန်တီးထားတဲ့ Virtual World

ဥပမာ: အခြားအိမ်တစ်လုံးထဲကို ဝင်ရောက်လည်ပတ်သလို ခံစားနိုင်

AR VR ဆိုတာဘာလဲ? — Immersive Technologies Series, Episode 1rangoon.tech · YouTube မှာ ကြည့်ရန် ↗

AR ကို ဘယ်နေရာတွေမှာ တွေ့နိုင်လဲ?

Social AR

Social AR

TikTok နဲ့ Snapchat တို့လို Social Media တွေမှာ မျက်နှာပြောင်း Filter တွေ၊ AR Game တွေနဲ့ ဓာတ်ပုံ၊ ဗီဒီယို ဖန်တီးနိုင်ပါတယ်။

ကြည့်ရှုရန်: FamilyCare
WebAR

WebAR

သီးသန့် App တစ်ခု ထည့်သွင်းစရာမလိုဘဲ QR Code ဖတ်တာ ဒါမှမဟုတ် Link တစ်ခုကနေ ဖုန်း Browser မှာ AR Experience ကို အသုံးပြုနိုင်ပါတယ်။

ကြည့်ရှုရန်: Close Up
AR Mirror

AR Mirror

ပွဲတွေ၊ စျေးဝယ်စင်တာတွေနဲ့ ဆိုင်တွေမှာ ကင်မရာပါတဲ့ မျက်နှာပြင်ကြီးရှေ့ ရပ်ပြီး ဂိမ်းဆော့တာ၊ ဓာတ်ပုံရိုက်တာ၊ Digital ဝတ်စုံတွေ စမ်းဝတ်တာမျိုး လုပ်နိုင်ပါတယ်။

ကြည့်ရှုရန်: Bun Bun
Virtual Try-On

Virtual Try-On

ဝယ်ယူမယ့်သူတွေက မျက်မှန်၊ မိတ်ကပ်၊ အဝတ်အစား စတဲ့ ပစ္စည်းတွေရဲ့ ပုံစံကို ကိုယ်နဲ့ လိုက်ဖက်မှုရှိမရှိ Digital နည်းနဲ့ စမ်းကြည့်နိုင်ပါတယ်။

ကြည့်ရှုရန်: U Shwe Yoe

Brand တွေအတွက် AR က ဘာကြောင့် အသုံးဝင်တာလဲ?

ကြော်ငြာတစ်ခုကို မြင်ရုံ၊ ကြည့်ရုံနဲ့ မပြီးဘဲ ကာစတန်မာတွေ ကိုယ်တိုင် ပါဝင်ခံစားနိုင်တဲ့ အတွေ့အကြုံတစ်ခု ဖန်တီးနိုင်တာက AR ရဲ့ အားသာချက်ပါ။

Pepsi Max “Unbelievable Bus Shelter” — ကားမှတ်တိုင်ကို AR နဲ့ ပြောင်းလဲခဲ့တဲ့ လူသိများ Campaign (London, 2014)Talon OOH · YouTube မှာ ကြည့်ရန် ↗

ပွဲလာသူတွေကို ဂိမ်းတစ်ခု ဝင်ဆော့စေပြီး လက်ဆောင်ပေးနိုင်သလို၊ ဆိုင်ကို လာရောက်သူတွေကို ပစ္စည်းစမ်းသုံးကြည့်ဖို့လည်း ဖိတ်ခေါ်နိုင်ပါတယ်။ ထူးခြားတဲ့ ဓာတ်ပုံနဲ့ ဗီဒီယိုတွေကို Social Media မှာ ပြန်လည်မျှဝေစေခြင်းဖြင့် Brand ကို လူပိုသိလာဖို့ အခွင့်အရေး ရရှိနိုင်ပါတယ်။

Campaign ရဲ့ ရည်ရွယ်ချက်ပေါ်မူတည်ပြီး ပါဝင်ကစားသူအရေအတွက်၊ ဂိမ်းပြီးဆုံးမှု၊ Coupon ရယူမှု စတဲ့ အချက်အလက်တွေကိုလည်း တိုင်းတာနိုင်အောင် စီစဉ်ဖန်တီးနိုင်ပါတယ်။

ကိုယ့် Brand အတွက် ဘယ်လိုစတင်သင့်လဲ?

AR သုံးမယ်ဆိုတာထက် ကာစတန်မာကို ဘာလုပ်စေချင်သလဲဆိုတဲ့ မေးခွန်းနဲ့ စတင်သင့်ပါတယ်။ ပစ္စည်းအသစ်ကို မိတ်ဆက်ချင်တာလား၊ ဆိုင်လာသူတွေ ပိုမိုပါဝင်စေချင်တာလား၊ ဒါမှမဟုတ် Social Media မှာ ပြန်မျှဝေချင်စရာ အတွေ့အကြုံ ဖန်တီးချင်တာလားဆိုတာ အရင်ဆုံး သတ်မှတ်ပါ။

ရည်ရွယ်ချက် ရှင်းလင်းလာတဲ့အခါ သင့်တော်တဲ့ AR ပုံစံကို ရွေးချယ်ပြီး Brand နဲ့ ကိုက်ညီတဲ့ Campaign တစ်ခု ဖန်တီးနိုင်ပါတယ်။ AR ရဲ့ တန်ဖိုးက နည်းပညာဆန်းသစ်မှုတစ်ခုတည်းမှာ မဟုတ်ဘဲ လူတွေနဲ့ Brand ကြား ပိုမိုမှတ်မိစရာကောင်းတဲ့ အတွေ့အကြုံတစ်ခု ဖန်တီးပေးနိုင်ခြင်းမှာ ဖြစ်ပါတယ်။

TIPS

အသုံးချနိုင်တဲ့နေရာများ
Product LaunchRetail ဆိုင်Event BoothProduct Packaging
သင့်တော်တဲ့ Client အမျိုးအစားများ
FMCG BrandRetailerElectronics BrandMarketing Agency

ကိုယ့် Brand အတွက် ဘယ်လိုအသုံးချမလဲ?

ပစ္စည်းအသစ်ကို မိတ်ဆက်ဖို့ဆိုရင် ကာစတန်မာတွေ ဖုန်းကင်မရာနဲ့ ပစ္စည်းကို ချိန်ပြီး ထူးခြားတဲ့ 3D ပုံရိပ်တွေ ကြည့်နိုင်အောင် ဖန်တီးပါ။ ဆိုင်လာသူတွေ ပါဝင်စေချင်ရင် AR Game၊ Virtual Try-On ဒါမှမဟုတ် AR Photobooth တို့ကို ရွေးချယ်နိုင်ပါတယ်။

ဆန်းပြားတဲ့ ဘရန်းအတွေ့အကြုံအတွက် ရန်ကွန်းတက်

Share this article

Share card: AR ဆိုတာဘာလဲ?

AR ဆိုတာဘာလဲ? Brand တွေအနေနဲ့ AR နည်းပညာကို အသုံးပြုပြီး ကာစတန်မာတွေအတွက် စိတ်ဝင်စားစရာ အတွေ့အကြုံတွေ ဘယ်လိုဖန်တီးနိုင်မလဲဆိုတာ ဒီဆောင်းပါးမှာ လေ့လာလိုက်ပါ။

https://rangoon.tech/blog/what-is-ar

Want this for your brand?

Tell us what you're planning. We'll come back with ideas.