မျက်နှာပြင်တစ်ခုရှေ့မှာ အတွေ့အကြုံအသစ်
စျေးဝယ်စင်တာမှာ မှန်တစ်ချပ်လို မြင်ရတဲ့ မျက်နှာပြင်ကြီးရှေ့ ရပ်လိုက်တဲ့အခါ ကိုယ့်ပုံရိပ်ပေါ်မှာ Digital ဝတ်စုံတွေ ပေါ်လာနိုင်တယ်။ လက်လှုပ်ရှားပြီး ဂိမ်းဆော့နိုင်သလို Brand နဲ့အတူ ဓာတ်ပုံရိုက်ယူနိုင်ပါတယ်။

AR Mirror ရဲ့ အဓိပ္ပာယ်
AR Mirror ဆိုတာ ကင်မရာက ဖမ်းယူထားတဲ့ လူရဲ့ပုံရိပ်ပေါ်မှာ Digital ပုံရိပ်နဲ့ Interactive Content တွေ ထပ်ပေါင်းပြသပေးတဲ့ မျက်နှာပြင်အခြေခံ အတွေ့အကြုံ ဖြစ်ပါတယ်။ သာမန်မှန်နဲ့မတူဘဲ ကာစတန်မာရဲ့ လှုပ်ရှားမှုကို တုံ့ပြန်ပေးနိုင်ပါတယ်။
ဘယ်လိုပုံစံတွေနဲ့ အသုံးချနိုင်လဲ?

AR Photobooth
Brand နဲ့ သက်ဆိုင်တဲ့ အလှဆင်ပုံရိပ်တွေ ထည့်ပြီး ဓာတ်ပုံရိုက်စေပါတယ်။
ကြည့်ရှုရန်: Happy Myanmar Tea

လိုအပ်တဲ့ပစ္စည်းများ
အခြေခံ AR Mirror အချို့ကို သင့်လျော်တဲ့ ကွန်ပျူတာ၊ Webcam နဲ့ Display တို့နဲ့ တည်ဆောက်နိုင်ပါတယ်။ အတွေ့အကြုံအမျိုးအစားအလိုက် အလင်းရောင်၊ ကင်မရာနေရာ၊ စက်ရဲ့စွမ်းဆောင်ရည်နဲ့ ကစားရန် နေရာလွတ်တို့ကို စီစဉ်ဖို့ လိုပါတယ်။
Brand တွေအတွက် အကျိုးကျေးဇူး
ဆိုင်လာသူတွေကို ခဏရပ်ပြီး ပါဝင်စေဖို့၊ ပွဲမှာ လူစိတ်ဝင်စားမှု ရရှိဖို့နဲ့ ကိုယ်ပိုင်ဓာတ်ပုံ၊ ဗီဒီယိုတွေ ပြန်လည်မျှဝေစေဖို့ အသုံးချနိုင်ပါတယ်။ ပါဝင်သူ၊ ကစားမှုနဲ့ ဆုရယူမှုတို့ကိုလည်း စနစ်တကျ တိုင်းတာနိုင်အောင် ဖန်တီးနိုင်ပါတယ်။
စတင်အသုံးချရာမှာ
ဆိုင်အတွင်း လူသွားလမ်းကို မပိတ်စေဘဲ နေရာရွေးချယ်ပါ။ ပွဲအတွက်ဆို တစ်ယောက်ကစားချိန်နဲ့ လူတန်းစီမှု စဉ်းစားပါ။ ဓာတ်ပုံတွေ သိမ်းဆည်းမယ်ဆိုရင် ကာစတန်မာကို ရှင်းလင်းအသိပေးပါ။ ရည်ရွယ်ချက်နဲ့ ကိုက်ညီတဲ့ အတွေ့အကြုံကို ရွေးချယ်ခြင်းက အရေးကြီးဆုံး ဖြစ်ပါတယ်။
TIPS
- အသုံးချနိုင်တဲ့နေရာများ
- Retail ဆိုင်Mall AtriumExhibition BoothProduct Launch
- သင့်တော်တဲ့ Client အမျိုးအစားများ
- Fashion BrandBeauty BrandElectronics BrandEvent Agency
ကိုယ့် Brand အတွက် ဘယ်လိုအသုံးချမလဲ?
ဆိုင်ဖွင့်ပွဲမှာ ဝင်လာသူတွေ ကိုယ်ပိုင်ဓာတ်ပုံ ရိုက်နိုင်တဲ့ AR Mirror ထားနိုင်ပါတယ်။ Product Launch သို့မဟုတ် Festival ဆိုရင် Brand နဲ့ သက်ဆိုင်တဲ့ ကိုယ်လက်လှုပ်ရှားကစားရတဲ့ Game ကို ပြုလုပ်နိုင်ပါတယ်။
ဆန်းပြားတဲ့ ဘရန်းအတွေ့အကြုံအတွက် ရန်ကွန်းတက်

