Customer Data Platform

rangoon.tech ဟာ marketing နယ်ပယ်အတွက် immersive နည်းပညာများကို ဖန်တီးပေးလျှက်ရှိသည့် startup ဖြစ်သည့်အားလျော်စွာ brand တွေအတွက် customer experience ပိုကောင်းစေရန်ကူညီပေးနိုင်မယ့် Martech တစ်ခုဖြစ်တဲ့ Customer Data Platform အခြေခံလေးကို ဒီနေ့ shareပေးပါရစေခင်ဗျာ။

Customer Data Platform (CDP) ဟာဆိုရင် CRM ကဲ့သို့ customer နဲ့ relationship တည်ဆောက်ပြီး brandနဲ့ customer တို့ရဲ့ online နဲ့ offline touchpoints မျိုးစုံမှထွက်လာတဲ့ first-party data များပေါ်တွင် အခြေခံပြီး customer တစ်ဦးချင်းစီရဲ့ 360 view ကို CDP မှထုတ်ပေးနိုင်မှာပဲဖြစ်ပါတယ်။

အဆိုပါ data များဖြင့် customer တစ်ဦးချင်းစီရဲ့ profile ကို ရနိုင်ပြီး “နတ်မျက်စိ” လို့ ခေါ်ရလောက်အောင် ဘယ် customer များကို ကိုယ်နဲ့ ဘယ်လို relation တွေရှိတယ်၊ ဘယ် customer တွေကတော့ ဘာတွေလိုအပ်နေတယ် (သူတို့ရဲ့ cosuming pattern အရ propensity modelling လုပ်ပြီး ဒီအချိန်မှာ ဘာတွေလိုအပ်မလဲဆိုတာကို Predictive Customer Analytics နဲ့တကွ ခန့်မှန်းလို့ရပါတယ်) စတာတွေကို သိနိုင်ပြီး သူတို့နဲ့ relavant ဖြစ်တဲ့ သတင်းစကားတွေ၊ ကြော်ငြာတွေနဲ့ စဥ်ဆက်မပြတ် engage လုပ်နိုင်မှာပဲဖြစ်ပါတယ်။

Customer profile များကို တူရာတူရာ segment လုပ်ပြီး customer များကို omnichannel ပေါ်တွင် စဥ်ဆက်မပြတ် engagement လုပ်သွားနိုင်ပြီး personalized marketing campaign တွေကို run နိုင်မှာပဲဖြစ်ပါတယ်။ Omnichannel မှာတော့ social media ads တွေ display ads တွေ ကိုယ့် app (သို့) web ကနေ push notifications တွေအပြင် one-to-one communication တွေဖြစ်တဲ့ chatbot တွေ၊ email တွေအကုန်ပါဝင်မှာပဲဖြစ်ပါတယ်။

ဥပမာ အားဖြင့် ကိုယ့် website ရဲ့ product page ကို ကြည့်သွားတဲ့ သူတွေကို omni channel ပေါ်ကနေ ads တွေ one-to-one message တွေပို့ပြီး engage လုပ်နိုင်ပါတယ်။ ဒါ့အပြင် contextual marketing တို့လိုမျိုး customer တွေရောက်နေတဲ့နေရာ ပေါ်မူတည်ပြီး ဆိုင်ရာဆိုင်ရာ relavant ဖြစ်တဲ့ message တွေပို့ခြင်း စတဲ့ personalized marketing activities တွေလည်းလုပ်နိုင်ပါတယ်။

Exponea Customer Data Platform

အပေါ်မှာပြောခဲ့တာကတော့ marketing campaigns တွေအတွက် ရည်ရွယ်ပြောခဲ့တာဖြစ်ပြီး App analytics တို့လို Brand ရဲ့တခြား field တွေအတွက်လည်း သုံးနိုင်ပါတယ်။