Social AR

How to boost sales with AR?

“Experience before you buy”

AR ရဲ့ သဘောသဘာဝအရ ဖုန်းကနေတဆင့် တကယ်အစစ်မဟုတ်တဲ့ digital object တွေကို virtually ပေါင်းထည့်ပေးပြီး တကယ်အစစ်အတိုင်း မြင်ရအောင် ဖန်တီးပေးတာဖြစ်တာကြောင့် customer တွေအနေနဲ့ product တွေကို တကယ် မဝယ်သေးဘဲ AR ကိုသုံးပြီး စမ်းကြည့်လို့ရပါတယ်။ Facebook AR Ads မှာ ကိုယ့် product တွေ ဖြစ်တဲ့ မျက်မှန်၊ မိတ်ကပ်၊ နှုတ်ခမ်းနီ နဲ့ အိမ်အသုံးအဆောင်ပစ္စည်း စတာတွေကို AR ဖြင့် မဝယ်ခင် စမ်းသုံးကြည့်လို့ရအောင် လုပ်ပြီး color ရွေးတာ size ရွေးတာ စတာတွေလုပ်နိုင်ပြီး Customer အကြိုက်နဲ့ ထပ်တူကျပါက တစ်ခါတည်း တန်းဝယ်လို့ရအောင် Post မှာ CTA ထည့်လို့ရပါတယ်။ အထက်ပါအတိုင်း AR ads လေး run ပြီး targer audeince ကို ကိုယ့် productအား AR နှင့် စမ်းသုံးကြည့်စေကာ ကြိုက်နှစ်သက်သည်ကို တစ်ခါတည်း ဝယ်ယူနိုင်စေခြင်းဖြင့် sales တက်စေမှာဖြစ်ပါတယ်။

Preview Placement
Virtual Try-on Solution

AR as entertaining tools or AR contest

ကိုယ့် product packaging မှာ QR code ထည့်ပြီး အဆိုပါ QR ကို scan လိုက်ပါက ကိုယ့် Brand, Product, Campaign နှင့်လိုက်ဖက်ညီအောင် ဖန်တီးထားတဲ့ AR filter ဖြစ်စေ၊ AR Game ဖြစ်စေ တက်လာကာ ကိုယ့် product ကို ဝယ်သည့် customer ကို Exclusive AR experience ပေးနိုင်မှာပဲ ဖြစ်ပါတယ်။ ဥပမာ- နို့အေးပုလင်းမှာ QR code ထည့်ပြီး scan ဖတ်လိုက်ရင် အဆိုပါ အအေးမှ ရမယ့် vitamin တွေ၊ benefit တွေအကြောင်းကို AR နဲ့ ပြပေးတာမျိုးဖြစ်ပါတယ်။ ကလေးအသုံးအဆောင်ပစ္စည်းများတွင်လည်း ကာတွန်းရုပ်လေးများနှင့် ချိတ်ဆက်သုံးနိုင်ပါသေးတယ်။ ယခုလို product ဝယ်သည့် customer ကို သီးသန့်ပေးတဲ့ AR experience မှာ contest နဲ့လည်း ချိတ်ပြီး sales တက်အောင် လုပ်နိုင်ပါတယ်။ Contest idea ကတော့ AR filter ဆိုလျှင် ဓာတ်ပုံရိုက်ပြီး viral ဖြစ်အောင် social media ပေါ် # နဲ့ ပြန် share တင်ခိုင်းတာမျိုး၊ AR Game ဆိုလျှင်လည်း ကိုယ်ဆော့ထားတဲ့ Game result ကို social media ပေါ် # နဲ့ ပြန်share ခိုင်းတဲ့ပုံစံမျိုးနဲ့ AR contest လုပ်နိုင်ပါတယ်။ အဆိုပါ user-generated content တွေကို Messenger, chatbot, comment မှာ လာပို့ခိုင်းပြီး အကောင်းဆုံးဓာတ်ပုံ၊ အမှတ်အများဆုံး game playerကို ဖြစ်စေ၊ contest မှာ ပါဝင်သူတွေကို မဲပြန်နှိုက်ပြီး ဖြစ်စေ ဆုပြန်ပေးနိုင်ပါတယ်။ အခုလို AR contest မှာ ပါချင်ရင်တော့ customer အနေနဲ့ product ကိုဝယ်ရမှာပဲ ဖြစ်ပါတယ်။

AR Contest

အထက်မှာဖော်ပြခဲ့တဲ့ idea တွေကတော့ အရောင်းတက်စေချင်တဲ့ marketing objective အတွက် AR ကို သုံးသွားတာ ဖြစ်ပါတယ်ခင်ဗျာ။ ခုလို covid-19 ကြောင့် event တွေ မလုပ်နိုင်တဲ့အချိန်မှာ activity တစ်ခုအနေနဲ့ AR contest ကို run ဖို့လည်း အကြံပြုပါရစေခင်ဗျာ။

AR contest အကြောင်း [ https://bit.ly/2H6Eg4Q ]

AR ကိုသုံးပြီး ဘယ်လို contest campaignတွေ run လို့ရလဲ။

Brand တွေအနေနဲ့ Marketing မှ အမျိုးမျိုးသော objective တွေအတွက် Contest တွေ ပြုလုပ်ကြပါတယ်။ Customer အသစ်တွေကို ဆွဲဆောင်ဖို့၊ ရှိပြီးသား customer တွေကို ဆက်ထိန်းထားဖို့ နဲ့ ကိုယ့် (အသစ်ထွက်ရှိလာတဲ့) Product တွေကို customer တွေမျက်စိကျစေဖို့ လုပ်ကြတဲ့ Contest Campaign တွေမှာ Augmented Reality ကိုလည်း ထည့်သုံးလို့ရပါတယ်။ အခုလို AR ကို ထည့်သုံးခြင်းဖြင့် ပုံမှန်လုပ်နေကြ ရိုးနေပြီဖြစ်တဲ့ contest တွေထက် idea စုံစုံလင်လင်နဲ့ ပိုမိုဆန်းသစ်အောင် ဖန်တီးနိုင်မှာဖြစ်သလို customer ကိုလည်း new experience ပေးနိုင်မှာပဲ ဖြစ်ပါတယ်။ ဆက်လက်ပြီး ဘယ်လိုလုပ်လို့ရမလဲဆိုတာကို ဆက်လက်ပြောပြသွားပါ့မယ်။

AR Game

AR Game ကတော့ customer တွေကို AR နဲ့လုပ်ထားတဲ့ Game တစ်ခုကစားစေပြီး အမှတ်အများဆုံးသူကို ဆုပေးတဲ့ ပုံစံမျိုးပဲဖြစ်ပါတယ်။ ပုံမှန်ရိုးရိုး Game နေရာမှာ Head Movement, Hand Gesture, Eye Control တို့နဲ့ ဆော့လို့ရတဲ့ AR Game အဖြစ်ပြောင်းလဲသုံးလိုက်တဲ့ သဘောပဲဖြစ်ပါတယ်။ ပုံမှန် Game ထက် ပိုလည်းမိုက်သလို Brand Experience တစ်ခုအနေနဲ့လည်း ဖန်တီးလို့ရပါတယ်။

AR Quiz

နောက်တစ်ခုကတော့ ကိုယ့် Brand အကြောင်းဘယ်လောက်သိလဲ Quiz မေးလို့ရတာတွေ၊ ကိုယ့် campaign theme (eg: World Cup Campaign) နဲ့ဆိုင်တဲ့ Quiz တွေကို AR နဲ့မေးနိုင်ပါတယ်။ အမှတ်အများဆုံးဖြေနိုင်သူကို AR Game လိုပဲ ဆုပေးတဲ့ ပုံစံမျိုးနဲ့ သွားလို့ရပါတယ်။

User-Generated Content

AR Game ပုံစံမဟုတ်တော့ဘဲ ကိုယ့် Brand နဲ့ ဆိုင်တဲ့ AR effect တစ်ခုခု၊ ကိုယ့် Product နဲ့ ဆိုင်တဲ့ AR Effect တစ်ခုခု၊ ကိုယ့် Campaign နဲ့ဆိုင်တဲ့ AR Effect တစ်ခုခု (သီတင်းကျွတ် seasonal campaign) စတဲ့ AR filter လေးတွေဖန်တီးပြီး customer ကို အဲ့ဒီ effect သုံးပြီး ဓာတ်ပုံရိုက်ကာ Social Media ပေါ်ပြန်တင်ရတဲ့ပုံစံမျိုးနဲ့ Contest မှာ ပါဝင်ဖို့ ဖိတ်ခေါ်လို့ရပါတယ်။ အကျိုးဆက်ကတော့ ကိုယ့် Brand ပါနေတဲ့ AR effect နဲ့ရိုက်ထားတဲ့ photo က customer ရဲ့ network ထဲထိ ရောက်သွားကာ ၄င်း network ထဲမှ မသိသေးတဲ့ customer များကိုပါ ကြော်ငြာပြီးသားဖြစ်သွားမှာ ဖြစ်ပါတယ်။

Participation Trophy

ကိုယ့်ဆိုင်ကိုလာတဲ့ customer တွေကို AR နဲ့ fun ဖြစ်စေမယ့် Activity တစ်ခုလုပ်ခိုင်းပြီး ပါဝင်သူတိုင်းကို စျေးလျှော့ပေးတဲ့ ပုံစံမျိုးလည်း လုပ်လို့ရပါတယ်။ စားသောက်ဆိုင်များ၊ Mart များတွင် ပိုသင့်တော်ပြီး order မှာယူ စောင့်ဆိုင်းချိန်အတွင်း AR Game ဆော့ခိုင်းထားကာ Brand နဲ့ Engagement တစ်ခုကို ဖန်တီးလို့ရပါတယ်။

အထက်တွင်ဖော်ပြသွားခဲ့တာတွေကတော့ AR နဲ့ Promotional Contest run လို့ရတဲ့ ပုံစံတွေပဲ ဖြစ်ပါတယ်။ Marketer တွေအနေနဲ့ ဒီထက်ပိုပြီး အသေးစိတ်သိလိုလျှင်လည်း ကျွန်တော်တို့ rangoon.tech နှင့် အချိန်မရွေးတိုင်ပင်နိုင်ပါတယ်ခင်ဗျာ။ ကျွန်တော်တို့ rangoon.tech ဟာဆိုရင်တော့​ technology service တွေကို Marketing sector အတွက် သိီးသန့်ထောက်ပံ့ပေးနေတာဖြစ်လို့ Marketer တွေရဲ့ သဘောကို အနားလည်ဆုံးနဲ့ Marketer တွေနဲ့ အနီးဆုံးမှာ ရပ်တည်လျှက်ရှိပါတယ်ခင်ဗျာ။

Social AR Marketing through the marketing funnel


We generally divided marketing funnel into awareness, consideration and conversion. According to each stage, we can run AR campaigns to achieve marketing goals.

Raising brand awareness with AR campaign

To raise brand awareness, Brands can produce AR filter that relates to seasonal events or festivals or celebrity or entertainment or emotional connection. If the audiences use this Brand’s AR filter, capture and share it on social media, their friends can see that Brand’s content through photos or videos. In this way, Brand Awareness can be generated and many chances to go viral with these lovely AR. The ability to create content which the users can relate to and thus can expand the extent to which customers are able to recall or recognize a brand (which is the definition of brand awareness) is the main strength of social media AR marketing.

Brand's Social AR Filter

Boosting engagement from fans using AR Filter and AR Game

When we want to run a customer involvement campaign, Facebook AR Game can be used to boost engagement from fans. Photos or Videos contest (User-generated Content) campaigns enhanced with AR filter can also be run to boost engagement and then raise brand awareness in users’ networks. AR effects enabling user-generated content and AR games are those AR effects that can be used to organize fresh and innovative contests. Today, most brands run interactive marketing campaigns to engage with their customers and increase brand recall. Thanks to the reward system, people love to win a chance in a contest by engaging in interaction with the brand. Thus, these types of campaigns assist to achieve the overall objective of the brand (Brand Equity and Market Share).

Nescafe AR Filter

Boosting sales with entertaining benefits

Thanks to the fact that every AR effect has its own link, some brands decide to put QR codes on their packaging or use target tracking to activate AR effects by clients who bought their product. This is a great way to add a special, fun bonus or give the customer a chance to participate in the AR contest and win a prize. Create a compelling offer for your customers (enhanced with Augmented Reality Customer Experience) at online/offline point-of-purchase or at the store location. In this way, you will have differentiation on customer experience than your competitors. (Lenslist)

Fair&Lovely AR Filter

We, rangoon.tech, always help marketers to achieve their goals using our blended knowledge of technology and marketing. We are always open to discuss about interactive marketing campaigns.

5 Types of Social AR Filters that you have ever seen

Brand တွေအနေနဲ့ အမျိုးမျိုးသော objective တွေအလိုက် marketing campaign တွေကို runကြပြီး အဆိုပါ campaign များတွင် AR filter များကိုလည်း ထည့်လာကြပါတယ်။ AR filter ကို campaign တွေအတွက် အသုံးချလို့ရတဲ့ ပုံစံများကို စုစည်းဖော်ပြပေးလိုက်ပါတယ်။

Face Filter

တွေ့ရအများဆုံး AR filter ပုံစံမျိုးဖြစ်ပြီး User-Generated Content တွေဖန်တီးဖို့ အကောင်းဆုံး AR filter မျိုးဖြစ်ပါတယ်။ front camera ဖြင့် selfie ရိုက်သည့်အခါ ကိုယ်ဖန်တီးထားတဲ့ Creative Design များပေါ်လာပြီး audience ကို အလှဆုံးပုံတွေ ဖန်တီးစေကာ Photo Contest ပြုလုပ်နိုင်ပါတယ်။ 3D ပုံ များထည့်ခြင်း၊ background ပြောင်းလဲခြင်းများပါ ပြုလုပ်နိုင်တာကြောင့် အသုံးပြုသူ audienceကို  စိတ်ဝင်စားစေမှာပဲ ဖြစ်ပါတယ်။ Audience ကို engage လုပ်ဖို့ အလွယ်ဆုံး AR filter မျိုးလည်းဖြစ်ပါတယ်။

Augmented World Effect

Pokemon Go Game ကို ဆော့ရသလိုမျိုးပဲ back camera နဲ့ ပတ်ဝန်းကျင်ကို ချိန်လိုက်လျှင် camera ထဲမှာ Augmented 3D object များ ပေါ်လာသည့် filter မျိုးပဲဖြစ်ပါတယ်။ ကြိုတင်ဖန်တီးပြီး ထည့်ထားတဲ့ 3D object ကို camera ရဲ့ view နဲ့ ပေါင်းစပ်မြင်ရမှာဖြစ်တဲ့အတွက် ကိုယ့် ပတ်ဝန်းကျင်မှာတကယ်ဖြစ်နေသည့် experience မျိုးကို ပေးစွမ်းနိုင်မှာပဲဖြစ်ပါတယ်။ လာဘ်ကောင်အရုပ်တွေ၊ ကာတွန်းကာရိုက်တာတွေစတဲ့ 3D animation များကို လည်း AR filter ထဲထည့်ပြီး ပျော်စရာကောင်းတဲ့ experience တွေကို ရယူနိုင်ပါတယ်။ Product ကို အပြင်မှာ လက်တွေ့မမြင်ရသည့် online ပေါ်က customer များကို  Product presentation လုပ်လို့သည့်အခါ အပြင်က product အတိုင်း ဖန်တီးထားတဲ့ 3D object ထည့်ထားသည့် အဆိုပါ AR filter နဲ့လုပ်နိုင်ပါတယ်။ ထိုသို့ AR ဖြင့် Product တွေကို vitual preview ကြည့်နိုင်တာကြောင့် size ကြီးမကြီး၊ ကိုယ့်နေရာနဲ့ လိုက်မလိုက် စတာတွေကို တခါတည်း လေ့လာဆုံးဖြတ်နိုင်မှာပဲဖြစ်ပါတယ်။

AR Portal

ဖန်တီးထားတဲ့ virtual ကမ္ဘာတစ်ခုကို ဖုန်းထဲက camera ကနေတဆင့် ရောက်သွားနိုင်တဲ့ whole new experience ကိုဖန်တီးပေးနိုင်တဲ့ AR filter မျိုးပဲဖြစ်ပါတယ်။ အပြင်မှာ လူက ရှေ့ကို သွားလိုက်ရင် ဖုန်းထဲမှာလည်း အရှေ့ကို နီးကပ်သွားတာမျိုးတွေ၊ virtual world ကို 360 ပတ်လည် ဖုန်းနဲ့ လှည့်ပတ်ကြည့်လို့ရတာတွေ စတဲ့ ထူးခြားတဲ့ အချက်တွေကို ယခု filter မှာတွေ့နိုင်ပါတယ်။ ကိုယ်တိုင်စမ်းကြည့်တာက ပိုမြင်သာတာမို့ အောက်က linkမှာ စမ်းသုံးနိုင်ပါတယ်။

https://www.instagram.com/ar/154893009708485/

AR Game

Mini Game ပုံစံမျိုးတွေကို လက်နဲ့ တို့ထိပြီးဆော့စရာမလိုပဲ Head Movement, Eye Blinking, Mouth Controlling စတဲ့ gesture တွေကိုလုပ်ပြီး game ဆော့နိုင်မှာပဲဖြစ်ပါတယ်။ Innovative contest campaign တွေလုပ်ဖို့အတွက် သင့်တော်ပြီး gamification tools တစ်ခုအနေနဲ့သုံးနိုင်ပါတယ်။

Image Tracking

ပုံ (သို့) logo ကို scan ဖတ်လိုက်လျှင် ပေါ်စေချင်တဲ့ effect က activate ဖြစ်သွားပြီး creative design များပေါ်လာသည့် AR filter မျိုးဖြစ်ပါတယ်။ ဝိုင်ပုလင်းကို scan ဖတ်လိုက်လျှင် လူကြီးတစ်ယောက်က စကားပြောတဲ့ effect မျိုးကို Target Tracking ဖြင့် ပြုလုပ်ထားချင်ပင်ဖြစ်ပါတယ်။ audience ကို ကိုယ့် product ဝယ်ယူစေရန် entertaining benefit တစ်ခုအနေဖြင့် အဆိုပါ AR filter ကို သုံးနိုင်ပါတယ်။ ထို့အပြင် product အကြောင်း customer ကို educate လုပ်ချင်တဲ့အခါမှာလည်း AR filterကို သုံးနိုင်ပါတယ်။

ကိုယ်လိုချင်တဲ့ Campaign objective ကို အထက်တွင်ဖော်ပြခဲ့သော သက်ဆိုင်ရာ AR filter type များကို သုံးပြီး ရယူနိုင်ပါတယ်ခင်ဗျာ။ Interactive marekting campaign  များကို innovatively run ချင်တယ်ဆိုရင်လည်း ကျွန်တော်တို့ rangoon.tech နဲ့ ဆက်သွယ်တိုင်ပင်နိုင်ပါတယ်ခင်ဗျာ။ rangoon.tech တွင် AR filter များသာမက အခြားသော gamification tools များပါလုပ်ပေးနေတာဖြစ်လို့ လူကြီးမင်းတို့လိုချင်တဲ့အတိုင်း ကျွန်တော်တို့က tech support လုပ်ပေးနိုင်ပါတယ်။